Friday, February 29, 2008

အန်အယ်လ်ဒီက စစ်အစိုးရကို တရားစွဲဆို (ဧရာဝတီ)


စစ်အစိုးရအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ) က နိုင်ငံတော်တရားရုံးချုပ်တွင် တရားစွဲဆိုသည်ကို ပယ်ချလိုက်ကြောင်း အန်အယ်လ်ဒီ ကပြောသည်

၁၉၈၉ ခုနှစ်က ထုတ်ပြန်ထားသည့် ရွေးကောက်ပွဲ ဥပဒေနှင့် ၁၉၉၀ ပြည့်နှစ်က ထုတ်ပြန်ထားသည့် အမိန့်အရ ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းပေးရန် တာဝန် ပျက်ကွက်မှု နှင့် ပတ်သက်၍ လက်ရှိ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) စစ်အစိုးရအား တရားစွဲဆိုခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကပြောသည်။

“၈၉ ခုနှစ်က ထုတ်တဲ့ ရွေးကောက်ပွဲ ဥပဒေရယ်၊ ၉၀ ခုနှစ်က ထုတ်တဲ့ အမိန့်အမှတ် ၁/၉၀ အရဆိုရင် ပြည်သူ့ လွှတ်တော်ခေါ်ယူ ဖွဲ့စည်းပေးရမယ်၊ ဟိုတုန်းကဆိုရင် တော့ နဝတ ပေါ့၊ အခု အေးချမ်းသာယာရေး အဖွဲ့ပေါ၊့ သူတို့ကလည်း ဖွဲ့စည်းပေး မယ်လို့ ၁/၉၀ မှာ တာဝန်ယူထားတယ်၊ ဒါပေမယ့် ကနေ့အထိ မဖွဲ့ဘဲနဲ့ အခု ၁/၂၀၀၈ ၊ ၂/၂၀၀၈ စတဲ့ ဥပဒေ အတည်ပြုရေးတို့ ရွေးကောက်ပွဲတို့ ထပ်ပြီးကြေညာ တယ်၊ ဒါဟာ အစိုးရက လုပ်ဖို့ တာဝန်ရှိတဲ့ အလုပ်ကို မလုပ်ဘူး၊ ဒါကြောင့် နိုင်ငံတော် တရားရုံးချုပ်အနေနဲ့ အမိန့် ဒီဂရီ ချပေးဖို့ တရားစွဲ ဆိုတာပါ”ဟု ဦးဥာဏ်ဝင်းက ဧရာဝတီသို့ ရှင်းပြသည်။

ယင်းသို့ တရားစွဲဆိုလွှာကို ရန်ကုန်မြို့ရှိ နိုင်ငံတော်တရား ရုံးချုပ်သို့ ယနေ့နေ့လယ်ပိုင်းက သွားရောက်တင်ပြရာတွင် ချက်ချင်း ပယ်ချလိုက်သည်ဟု ၎င်းက ပြောဆိုသည်။

“ဒီနေ့ နေ့ခင်း ၁၂ နာရီ ဝန်းကျင်လောက် သွားတယ်၊ နိုင်ငံတော် တရားရုံးချုပ် (ရန်ကုန်) က ကျနော်တို့ရဲ့ အဆိုလွှာကို ယူသွားပြီး တနာရီ တနာရီခွဲလောက်ကြာအောင် လေ့လာတိုင်ပင်ပြီးတော့ ဘာကြောင့်လဲတော့ မသိဘူး လက်မခံဘူး၊ ချက်ချင်းပယ်တာ”ဟု လည်း ဦးဥာဏ်ဝင်းက ပြောသည်။

ယခု အဆိုလွှာကို ပယ်သည်မှာ ဝန်ထမ်းဖြစ်ကြောင်းနှင့် ပယ်ပိုင်ခွင့်မှာ တရားသူကြီးဖြစ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေ နှင့် ညီသည်ဟုမယူဆကြောင်း ၎င်းက ဆက်ပြောသည်။

တပြည်လုံးက ဆန္ဒမဲပေးထားပြီး ဥပဒေအရ သော်လည်းကောင်း၊ အမိန့်အမှတ် ၁/၉၀ အရသော်လည်းကောင်း တာဝန်ရှိ ကြောင်းနှင့် တရားဥပဒေ စိုးမိုးရေးနှင့်လည်း သက်ဆိုင်သောကြောင့် သင့်လျော်သည့် အမိန့် ဒီဂရီ ချမှတ်ပေးရန် နိုင်ငံတော် တရားရုံးချုပ်သို့ အဆိုလွှာတင်သွင်းခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

“ဒီကိစ္စမှာ တရားဥပဒေ စိုးမိုးရေးကို မဆောင်ရွက်တဲ့ အတွက် ကျနော်တို့နိုင်ငံအတွက် အထူးဝမ်းနည်းစရာ ကောင်းတယ်၊ တရားဥပဒေ စိုးမိုးရေးမရှိဘဲနဲ့ ဘယ်လို ဒီမိုကရေစီနိုင်ငံမျိုးမှ ထူထောင်လို့ မရနိုင်ပါဘူး”ဟု ဦးဥာဏ်ဝင်းက သုံးသပ်ပြောဆိုသည်။

နအဖ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေဆန္ဒခံယူပွဲ မေလတွင်ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာချက် ၁/၂၀၀၈ နှင့် ၂၀၁၀ ခုနှစ်တွင် အထွေထွေ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက် ၂/၂၀၀၈ ကို စစ်အစိုးရက ဖေဖော်ဝါရီ ၉ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နအဖ၏ ဆန္ဒခံယူပွဲကို အတိုက်အခံများ ပူးတွဲဆန့်ကျင်ကန့်ကွက် (ခေတ်ပြိုင်)

မကြာသေးမီက ထုတ်ပြန်ခဲ့သော စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲနှင့် ရွေး ကောက်ပွဲပြုလုပ်မည့် အမိန့်ကြေညာချက်များနှင့် ပတ်သက်၍ ထိုင်း- မြန်မာနယ်စပ် အခြေစိုက် အတိုက်အခံ အင်အားစုများက ပူးတွဲကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်သည်

စစ်အစိုးရ ထုတ်ပြန်ခဲ့သော ၁/၂၀၀၈၊ ၂/၂၀၀၈ နှင့် ၃/၂၀၀၈ တို့သည် အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ဦးတည်ခြင်းမရှိဘဲ စစ်အာဏာရှင်စနစ် တည်မြဲရေးကိုသာ ရှေ့ရှုနေသောကြောင့် လက်မခံနိုင်ကြောင်း အတိုက်အခံ အင်အားစုများက ယမန်နေ့၌ ကြေညာချက် ထုတ်ပြန်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ ၀န်ကြီးချုပ်ရုံး ၀န်ကြီး၊ အင်္ဂပူမြို့နယ် လွှတ်တော်အမတ် ဒေါက်တာစန်းအောင်က ယခု အတည်ပြုရန် ပြင်ဆင်နေသော အခြေခံ ဥပဒေသည် ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ရေးဆွဲထားသော တရားမျှတသည့် ဥပဒေ မဟုတ်သဖြင့် ပြည်တွင်း ပြည်ပမှ ၀ိုင်းဝန်းဆန့်ကျင်သွားရန် လိုကြောင်း ပြောသည်။

၎င်းက “နအဖအနေနဲ့ကတော့ သူတို့ရဲ့အခြေခံဥပဒေကို ပြည်သူ့ဆန္ဒ ခံယူပြီး အတည်ပြုဖို့
ဆိုတာ သူတို့အတွက် သေရေးရှင်ရေးပဲ၊ ကျနော်တို့ကတော့ တားရမှာဖြစ်တယ်။ ပြည်သူတွေ အနေနဲ့ကတော့ လိုက်ပါလာနိုင်တာက ဆန္ဒခံယူပွဲ မသွားတဲ့ နည်းလမ်း၊ ဆန္ဒခံယူပွဲသွားပြီးတော့ ကန့်ကွက်မဲပေးတဲ့နည်းလမ်း။ ပြည်သူတွေအဖို့ နအဖရဲ့ ငြိမ်းခြောက်မှုတွေ၊ ဖိနှိပ်မှုတွေများတဲ့
အခါ မဲရုံမသွားဖို့ဆိုတာ တော်တော်လေး ခက်တယ်လို့ ကျနော်မြင်တယ်၊ ဒါကြောင့်သွားပါ၊ သွားပြီးတော့ ကန့်ကွက်မဲ ပေးဖို့ လိုပါတယ်” ဟု ပြောသည်။

စစ်အစိုးရအနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာ၏ သဘောဆန္ဒကို လျှစ်လျူရှုပြီး ဆန္ဒခံယူ
ပွဲကို တဘက်သတ် ပြုလုပ်မည်ဆိုပါက ကန့်ကွက်မဲ ပေးခြင်းဖြင့် ဆန္ဒသဘောထားကို ဖော်ထုတ်ကြရန်လည်း တပ်ပေါင်းစုများ၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ သဘာပတိအဖွဲ့ဝင်တဦးဖြစ်သူ နန်းဆိုင်နောင့်ကလည်း စစ်အစိုးရ၏ လမ်းပြမြေပုံ အဆင့်ဆင့်သည် မြန်မာနိုင်ငံရေး တိုးတက်ပြောင်းလဲမှုအတွက် အပြု သဘောဆောင်သည့် ဦးတည်နေမှု မဟုတ်သောကြောင့် ပြည်သူလူထုအား အတင်းအကျပ် မဲဆန္ဒပေးရန် လုပ်ဆောင်လာပါက ကန့်ကွက်မဲ ပေးကြရန်လိုကြောင်း ပြောသည်။

“နအဖက အတင်းအဓမ္မ လုပ်နေကျပဲလေ၊ လုပ်နေကျပဲဆိုတော့ မသွားမနေရ သွားရမယ်ပေါ့၊ အဲဒီလိုသွားရတဲ့အချိန်မှာလည်း ပြည်သူတွေက အဲဒီအခွင့်အခါလမ်းကိုယူပြီးတော့ သူတို့တွေရဲ့ ဆန္ဒကို တကယ်ပဲ ပေးဖို့ပေါ့နော်” ဟု နန်းဆိုင်နောင့်က ပြောသည်။

ပူးတွဲသဘောထား ထုတ်ပြန်သော တပ်ပေါင်းစုများမှာ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသား ကောင်စီ NCUB၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန်ပေါင်းအစိုးရ၊ မြန်မာနိုင်ငံ ဒီမိုကရက် တစ်အင်အားစု FDB၊ တိုင်းရင်းသားလူမျိုးများကောင်စီ ENC၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) WLB၊ တိုင်းရင်းသားလူငယ်များဆုံရပ် NYFနှင့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန် ဂရက် SYCB တို့ဖြစ်ကြပြီး ယခင်က ဤသို့ ပူးတွဲကြေညာချက်မျိုး မထုတ်ပြန်ခဲ့ကြပေ။

ပြည်ပရောက်မျိုးချစ်မြန်မာများ (စင်္ကာပူ)

အာဖရိကဖွား မြွေဝင်စား



ကြည့်လို့ကောင်းပါတယ်



ဒေါ်အောင်ဆန်းစုကြည် မြန်မာ့နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ အင်ဒိုနီးရှားလိုလား (ဗွီအိုအေ)

28 February 2008

မြန်မာနိုင်ငံရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှာ အကျယ်ချုပ်ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပါဝင်တာကို သူတို့လိုလားတယ်ဆိုတာကို အင်ဒိုနီးရှားနိုင်ငံက ပြောကြားလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေး ၀န်ကြီး ဟတ်ဆင် ၀ီဒါယုဒက အခု အင်ဒိုနီးရှားနိုင်ငံကို ရောက်ရှိနေတဲ့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျကာတာ မြို့တော်မှာ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ်မှာ အခုလို ပြောကြခြင်းဖြစ်ပါတယ်။

မေလမှာ ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပဖို့နဲ့ ၂၀၁၀ခုနှစ်မှာ ရွေးကောက်ပွဲဖို့ မြန်မာနိုင်ငံ စစ်အစိုးရရဲ့ ကြေညာချက်ကို ၀န်ကြီး ၀ီဒါယုဒက ဆီးကြိုလိုက်ပါတယ်။ သူမရဲ့ သားများနဲ့ သူမရဲ့ ကွယ်လွန်သူ ခင်ပွန်းဟာ ဗြိတိသျှ နိုင်ငံသားများ ဖြစ်ကြတဲ့အတွက် စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အတွက် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားခြင်း ဖြစ်ပါတယ်။ အင်ဒိုနီးရှားနဲ့ အာစီယံ
အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေ တယ်လို့ ပြီးခဲ့တဲ့ သတင်းပတ်က ဂျကာတာမြို့တော်မှာ ရောက်ရှိနေစဉ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံကိုယ်စားလှယ်က ပြောကြားသွားပါတယ်။

emailme.gif

အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဆန္ဒခံယူပွဲဥပဒေ အကျိုးမပြု (ဗွီအိုအေ)

28 February 2008

မြန်မာစစ်အစိုးရက မေလထဲကြရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွေ ကျင်းပပြီး အခြေခံ
ဥပဒေ မူကြမ်းတရပ်ကို အတည်ပြုဖို့ စီစဉ်နေတာတွေဟာ နိုင်ငံရေး တိုးတက်ဖြစ်ထွန်း
မှုတွေအတွက် အထောက်အကူ မဖြစ်နိုင်ဘူး၊ တိုင်းပြည်မှာ လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကိုလည်း ထိခိုက်စေနိုင်တယ်ဆိုပြီး အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်န်အယ်လ်ဒီ) က ထပ်မံသတိပေး ပြောဆိုလိုက်ပါ
တယ်။ မြန်မာစစ်အစိုးရက ဒီလို ဆန္ဒခံယူပွဲတွေ လုပ်ဖို့အတွက် ဥပဒေတရပ် ထုတ်ပြန် ကြေညာလိုက်အပြီး အခုလို ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ အကြောင်းစုံကို
ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရက အခြေခံဥပဒေမူကြမ်းတရပ်ကို အတည်ပြုဖို့ လူထုဆန္ဒခံယူပွဲတွေ
ကျင်းပဖို့ စီစဉ်နေတာဟာ တဖက်သတ် ဆောင်ရွက်ချက်ဖြစ်တယ်၊ အရင့်အရင်က
ပေးခဲ့တဲ့ ကတိက၀တ်တွေကိုတောင် အကောင်အထည် ဖော်ပေးနိုင်တာမျိုးတွေ မရှိ
တာကြောင့် အခုဆောင်ရွက်ချက်တွေဟာလည်း ယုံကြည်လက်ခံနိုင်ဖို့ ခက်ခဲနေတယ်
ဆိုပြီး အန်န်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပမယ်လို့ အာဏာပိုင်တွေဘက်က ထုတ်ပြန်ကြေညာလိုက်ပြီးတဲ့နောက် အတိုက်အခံ
အန်န်အယ်လ်ဒီဘက်က ဆန့်ကျင်ကန့်ကွက်မှုတွေကလည်း ဆက်တိုက်ဆိုသလို ထွက်ပေါ်လာနေတာပါ။ အခုလည်းပဲ အာဏာပိုင်တွေဘက်က ဆန္ဒခံယူပွဲနဲ့ ပတ်သက်
လို့ နောက်ဆက်တွဲ ဆောင်ရွက်မယ့် ကိစ္စတွေကို ထုတ်ပြန်ကြေညာခဲ့အပြီး
အန်န်အယ်လ်ဒီဘက်က အထူးကြေညာချက်တစောင် ထုတ်ပြန်ပြီး ကန့်ကွက်လိုက်တာ
ပါ။ ဥပဒေကြောင်းအရရော၊ အရင့်အရင်က ပျက်ကွက်ခဲ့တဲ့ ကတိတွေကြောင့်လည်း
အခုလို ကန့်ကွက်စရာ၊ မေးခွန်းထုတ်စရာတွေ ရှိနေရတာပါလို့ အန်န်အယ်လ်ဒီ အထူး
ပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့်က ဆိုပါတယ်။

“ကျနော်တို့ ပထမတည်ဆောက်ခဲ့တဲ့ အချက်နှစ်ချက်ရှိတယ်။ အရင်းခံ အဓိက
သော့ချက်ကျတဲ့ ပြဿနာကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စပေါ့။ ဖွဲ့စည်းပုံအခြေခံ
ဥပဒေ ရေးဆွဲရမှာက ၁/၉၀၊ အပိုဒ် ၂၀ အရ လွှတ်တော်ကိုယ်စားလှယ်တွေက ရေးရ
မယ်။ အဲဒီမှာ အဓိကသော့ချက် ပြဿနာပဲ။ အဲဒီအဓိကသော့ချက်ပြဿနာကို
မဆောင်ရွက်ဘဲနဲ့ သူနဲ့ဆက်နွယ်တဲ့ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်တို့ ဘာတို့ဖွဲ့တာ
တို့၊ အခြေခံဥပဒေတောင် အတည်မဖြစ်သေးဘဲနဲ့ ၂၀၁၀ ခုနှစ်မှာ ပါတီစုံရွေးကောက်
ပွဲ ကျင်းပမယ်တို့ဆိုတာ အားလုံး တိုင်းပြည်က သိတဲ့အတိုင်းပဲ ကတိက၀တ်ပြဿနာ၊ ဥပဒေပြဿနာတွေ မရှင်းလင်းဘဲနဲ့ အဲဒါတွေလုပ်မယ်ဆိုရင် အားလုံးက ဒီအချက်တွေ
ပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်မှာပဲ။”

ဒီလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက
တိုက်တွန်းတောင်းဆိုနေတဲ့အတိုင်း သက်ဆိုင်သူတွေပါဝင်ပြီး အများလက်ခံနိုင်မယ့်
အခြေအနေမျိုး ရှိဖို့လိုတယ်လို့ အန်န်အယ်လ်ဒီက ပြောဆိုလိုက်တာပါ။

“အများယုံကြည်လေးစား လက်ခံနိုင်တဲ့ ပတ်ဝန်းကျင် အခြေအနေတရပ်ကို ဖန်တီး
ပေးဖို့ လိုတာပေါ့။ အဲဒီလိုဖန်တီးပေးဖို့ဆိုရင်တော့ ကုလသမဂ္ဂကလည်း တောက်လျှောက်တိုက်တွန်းထားတဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်မှာ သက်ဆိုင်သူအားလုံး ပါဝင်ခွင့်ရှိရမယ်ဆိုတဲ့အချက် အကောင်အထည်
ဖော်ဖို့ အရေးအကြီးဆုံးပါပဲ။ ကျနော်တို့အဖွဲ့ချုပ်က ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေး အခြေအနေအားလုံးကို မျက်ခြည်မပြတ် အကဲဖြတ်နေပါတယ်။ အဲဒီအကဲဖြတ်ပြီး လုပ်သင့်လုပ်ထိုက်တာကိုလည်း ကျနော်တို့ လုပ်သွားမှာပါပဲ။

“ဒါပေမယ့် ကျနော်တို့အဖွဲ့ချုပ်က ဒီနေ့အချိန်ထိ အမျိုးသားပြန်လည်သင့်မြတ်ရေးမူကို ယုံကြည်တယ်။ ကျနော်တို့တိုင်းပြည်မှာ အခုပေါ်ပေါက်လာတဲ့ ကိစ္စအားလုံးကို အများ
ပြည်သူ ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေတခုဖြစ်လာဖို့၊ အများပြည်သူ သဘောတူ
တဲ့ အခြေခံဥပဒေတခု ပေါ်ပေါက်လာဖို့၊ ဒီအခြေခံဥပဒေကလည်း တရားနည်းလမ်း
တကျ ဖြစ်တယ်ဆိုတာကို ပြည်တွင်းပြည်ပ၊ နိုင်ငံတကာတရားဥပဒေအရရော၊ ပြည်တွင်းဥပဒေအရရော လက်ခံနိုင်ဖို့ဆိုရင် ပေါ်ပေါက်နေတဲ့ လောလောဆယ် ပြဿ
နာကိုတော့ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့နေရာမှာလည်း ဒါကို ဆောင်ရွက်မယ်ဆိုရင် ကျနော်တို့တိုင်းပြည်ရဲ့ အနာဂတ်ကံကြမ္မာ အင်မတန်ကောင်း
တာပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီအခြေခံဥပဒေပြဿနာဆိုတာ အာဏာပြဿနာ
မဟုတ်ဘူးဗျ။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ်ကံကြမ္မာ ပြဿနာ။”

ဒီလို မြန်မာစစ်အစိုးရဘက်က ဆန္ဒခံယူပွဲတရပ်လုပ်ပြီး အခြေခံဥပဒေကို အတည်ပြု
နိုင်ဖို့ တက်သုတ်ရိုက် စီစဉ်နေချိန်မှာပဲ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေကြားမှာ
ဒါကို ဆန့်ကျင်သပိတ်မှောက်ဖို့၊ ဒါမှမဟုတ်ရင်လည်း ဆန္ဒခံယူပွဲတွေအတွင်း မဲပေးရာ
မှာ ကန့်ကွက်မဲတွေထည့်ကြဖို့ စတဲ့ အကြံပေးတိုက်တွန်းမှုတွေကလည်း ထွက်ပေါ်နေ
တာပါ။ ဒီလိုသဘောထားတွေနဲ့ပတ်သက်လို့ အန်န်အယ်လ်ဒီရဲ့ ရပ်တည်ချက်ကရော …

“အဲဒီအသံတွေကို ကျနော်တို့လည်း ကြားပါတယ်၊ အလေးဂရုလည်း ပြုပါတယ်။ အခု ဆန္ဒခံယူပွဲဥပဒေမှာ ပါတဲ့အတိုင်းပေါ့၊ သူတို့ ဆန္ဒခံယူပွဲလုပ်မယ့်နေ့ကို ကြေညာတဲ့
ပတ်ဝန်းကျင်လောက်ရောက်လာရင် အခု ကျနော်တို့က မူပိုင်းဆိုင်ရာကိစ္စ ထုတ်ပြန်
ထားပြီးပြီ။ အဲဒီအချိန်ကျရင် ဒီမူပေါ်မှာ အခြေခံပြီးတော့ လုပ်ငန်းပိုင်းဆိုင်ရာ လုပ်သင့် လုပ်ထိုက်တာတွေကို လူထုနဲ့အတူ လုပ်စရာရှိတာ လုပ်ရမှာပေါ့။ အဲဒီအခါကျတော့
အခုသိချင်တဲ့ မေးခွန်းရဲ့အဖြေတွေ ထွက်လာမှာပါ။”
အန်န်အယ်လ်ဒီ အထူးပြန်ကြားရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးသိန်းညွန့် ပြောပြသွားခဲ့
တာပါ။

မြန်မာစစ်အစိုးရက ဆန္ဒခံယူပွဲတွေလုပ်ပြီး အခြေခံဥပဒေကို အတည်ပြုဖို့၊ အဲဒီကမှ
နောက် ၂ နှစ်အကြာ ၂၀၁၀ ခုနှစ်ကြရင် ရွေးကောက်ပွဲအသစ်တွေ ကျင်းပပေးမယ်
ဆိုပြီး အခုလဆန်းပိုင်းက ကြေညာလိုက်တဲ့နောက် အတိုက်အခံ အန်န်အယ်လ်ဒီအပြင်
တိုင်းရင်းသား နိုင်ငံရေးအင်အားစု၊ လက်နက်ကိုင်အဖွဲ့အစည်းတချို့ကလည်း လက်မခံ ဆန့်ကျင်တဲ့သဘောထားတွေကို ထုတ်ပြန်ပြောဆိုခဲ့ကြပါသေးတယ်။

Tuesday, February 26, 2008

၈၈ ကျောင်းသားတွေရဲ့ အိုလံပစ်သပိတ်မှောက်ရေး တရုတ်အစိုးရ ဝေဖန် (ဗွီအိုအေ)

26 February 2008

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်ဖို့ နိုင်ငံတကာက ၀ိုင်းဝန်း ဆောင်ရွက်နေရာမှာ တရုတ်နိုင်ငံက ပျက်ကွက်နေတာကြောင့် အခုနှစ်ထဲကျင်းပမယ့် ဘေဂျင်းအိုလံပစ် အားကစားပွဲတော်ကို သပိတ်မှောက်ဖို့ ဒီမိုကရေစီရေး လှုပ်ရှားသူ
တွေက ပြောဆိုလိုက်တာဟာ နားလည်မှုလွဲမှားနေတာဖြစ်တယ်လို့ တရုတ်နိုင်ငံခြား
ရေးဝန်ကြီးဌာနက တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံခြားရေးဌာနရဲ့ ဒီကနေ့
တုံ့ပြန်ချက်အပေါ် ဒီမိုကရေစီရေး အင်အားစုတွေက လက်ခံကြပါရဲ့လား။ အကြောင်း
စုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေက
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်ဖြစ်ထွန်းမှုတွေ ရှိလာအောင် ကူညီဖို့ တရုတ်
နိုင်ငံဘက်က ပျက်ကွက်နေတာကြောင့် နွေရာသီ ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်
ဖို့ ပြောဆိုလိုက်အပြီး နောက်တနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးမှာ တရုတ်နိုင်ငံအနေနဲ့ အိမ်နီး
ချင်းကောင်း၊ မိတ်ဆွေကောင်းမူဝါဒကိုသာ ကျင့်သုံးနေတဲ့အကြောင်း တရုတ်နိုင်ငံခြား
ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျူဂျန်ချောင်း (Liu Jianchao) က သတင်းထောက်
တွေရဲ့အမေးကို ဖြေကြားလိုက်တာပါ။ တရုတ်အစိုးရက ဒီလိုပြောဆိုလိုက်ပေမယ့်
လည်း လက်တွေ့မှာ ဒီမိုကရေစီပြောင်းလဲရေးဆီကို ဦးတည်တဲ့ လုပ်ရပ်မျိုးတော့
မတွေ့ရပါဘူးလို့ ၈၈ မျိုးဆက်ကျောင်းသားတွေက လက်ခံထားကြတာပါ။

“တရုတ်အစိုးရအနေနဲ့ မစ္စတာဂမ်ဘာရီ သွားတဲ့အခါမှာရော၊ တရုတ်အစိုးရအနေနဲ့ သတင်းထုတ်ပြန်ချက်တွေမှာရော ကျနော်တို့ကြားနေရတာကတော့ မြန်မာပြည်ဒီမို
ကရေစီရေး၊ တွေ့ဆုံဆွေးနွေးရေး ဖြစ်မြောက်ရေးမှာ သူတို့အနေနဲ့ တိုက်တွန်းပါတယ်၊ အားပေးပါတယ်၊ ဒီလိုပဲပြောနေတယ်။ သို့သော် ဒီလိုပဲပြောနေတာက စကားအရသာ ကျနော်တို့တိုင်းပြည် အမျိုးသားရင်ကြားစေ့ရေးအတွက် စေ့ဆော်တိုက်တွန်းနေတယ်
လို့ပြောတယ်။

“ဒါပေမယ့် တဖက်မှာ လက်တွေ့ကျတော့ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေ၊ ဒီမိုက
ရေစီရေး ဆောင်ရွက်မှုတွေ ဘာတခုမှဖြစ်မလာဘဲနဲ့ တဖက်မှာသာ စစ်အစိုးရကို အားပေးထောက်ခံမှုတွေက ထင်သာမြင်သာနေတယ်ဗျာ။ ဒါကြောင့် ကျနော်တို့
ပြောချင်တာက အခုအချိန်ကစပြီး တရုတ်အစိုးရအနေနဲ့ ကျနော်တို့တိုင်းပြည်မှာ ဒီမို
ကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားရေး၊ အမျိုးသားရင်ကြားစေ့ရေးအတွက် ထိရောက်
တဲ့၊ ထင်သာမြင်သာတဲ့ တိုးတက်မှုတွေကို ဆောင်ကြဉ်းပေးနိုင်မယ်ဆိုရင် ကျနော်တို့နဲ့ တရုတ်အစိုးရနဲ့ကြားထဲမှာ အခုလို ပြဿနာတွေ ရှိနေစရာအကြောင်း မရှိပါဘူး။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင် မှတ်ချက်ပေးပြောဆိုလိုက်
တာပါ။ ဒီလို မြန်မာနိုင်ငံထဲက ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ သပိတ်မှောက်ဖို့ တိုက်တွန်းတောင်းဆိုချက်တွေကို ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူတွေကြားမှာ ရောင်ပြန်ဟပ်လာတာတွေလည်း ရှိနေပါပြီ။

“မြန်မာနိုင်ငံစစ်အုပ်စုကို တဖက်သတ်ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရအပေါ်
မှာ သဘောထားပြောင်းလဲဖို့အတွက် ကျနော်တို့ ပျော့ပြောင်းစွာ ချဉ်းကပ်လာခဲ့တာ
နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမယ့် ဒီကနေ့အထိ တရုတ်အစိုးရရဲ့ပေါ်လစီ ပြောင်း
လဲတာ မတွေ့ရဘူး။ မပြောင်းလဲတဲ့အပြင် မြန်မာစစ်အစိုးရအပေါ်မှာ ပိုပြီးတော့
အားပေးအားမြှောက် ကူညီမှုတွေ တွေ့နေရတယ်။ ဒီအချိန်မှာ ကျနော်တို့အနေနဲ့
တရုတ်အစိုးရကို ကျနော်တို့ ပြည်သူလူထုရဲ့ မကျေနပ်မှုကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်
ပြသဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အခုလို ၈၈ မျိုးဆက်ကျောင်းသားများရဲ့ တရုတ်
အိုလံပစ်အပေါ်မှာ သပိတ်မှောက်ဖို့၊ တရုတ်အစိုးရရဲ့ပေါ်လစီ ပြောင်းလဲအောင် ၀ိုင်းဝန်း ဖိအားပေးဖို့ဆိုတဲ့ တောင်းဆိုချက်ကို ကျနော်တို့ ထောက်ခံပါတယ်။”

အမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေတဲ့ US Campaign for
Burma အဖွဲ့ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင် ဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး
ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေး လုပ်ငန်းစဉ်တွေအတွက် လမ်းကြောင်းမှန်ရောက်ရှိစေဖို့ မူဝါဒကို ကျင့်သုံးတယ်၊
ဒါတွေကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ မှန်မှန်ကန်ကန် နားလည်စေလို
ပါတယ်လို့ ပြောဆိုလိုက်တာပါ။ ၈၈ မျိုးဆက်ကျောင်းသားတွေကတော့ သူတို့
နားလည်မှုမလွဲပါဘူးလို့ ဆိုပါတယ်။

“အခု ကျနော်တို့ ဘေဂျင်းအိုလံပစ်ပွဲတော်နဲ့ပတ်သက်ပြီး သပိတ်မှောက်ကြဖို့ တိုက်တွန်းနှိုးဆော်တဲ့လုပ်ရပ်ဟာ တရုတ်အစိုးရအပေါ်မှာ ကျနော်တို့က ထင်ကြေးနဲ့
လုပ်လိုက်တဲ့ကိစ္စ မဟုတ်ပါဘူး။ နောက်တခုပြောချင်တာက အခုလို အိုလံပစ်
Boycott လုပ်ရတာသည် ကျနော်တို့ အဖိနှိပ်ခံ ပြည်သူပြည်သားတွေအနေနဲ့ ကျနော်
တို့ အခွင့်အရေးကို ကျနော်တို့ ခုခံကာကွယ်ခြင်းဖြစ်ပါတယ်။ တရုတ်ဆန့်ကျင်ရေး၊ တရုတ်မုန်းတီးရေးစိတ်ဓာတ် ကျနော်တို့မှာ လုံးဝမရှိပါဘူး။ ကျနော်တို့ဟာ တရုတ် ပြည်သူပြည်သားတွေနဲ့ တသားတည်းရှိနေပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို
ကျနော်တို့ လိုလားပါတယ်၊ မြတ်နိုးပါတယ်။ အိုလံပစ် Boycott လုပ်ရခြင်းဟာ
တရုတ်အစိုးရရဲ့ လူမိုက်အားပေး နိုင်ငံခြားရေး ပေါ်လစီကို ကျနော်တို့က ဆန့်ကျင်
ဆန္ဒပြခြင်းသာ ဖြစ်ပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုထွန်းမြင့်အောင် ပြောသွားတာပါ။ ဒီလို အိုလံ
ပစ် အားကစားပွဲတော်ကို သပိတ်မှောက်ဖို့ လှုံ့ဆော်နေချိန်မှာပဲ ဒီလို အားကစား
ပွဲတော်တခုကို ဆန့်ကျင်ဆောင်ရွက်တာဟာ မသင့်တော်ဘူး၊ နိုင်ငံရေးကိစ္စတွေနဲ့ မရောထွေးသင့်ဘူး၊ လက်တွေ့လည်း မဆန်ပါဘူးဆိုတဲ့ သဘောထား ထင်မြင်ချက်
တွေကလည်း ရှိနေတာပါ။ ဒီလိုပြောဆိုချက်တွေအပေါ် ကိုအောင်ဒင်ရဲ့ သဘောထား
ကတော့ …

“ဒီအိုလံပစ်ဆိုတာ အင်မတန်ကြီးကျယ်တဲ့ပွဲကြီးပါ။ အိုလံပစ်က နိုင်ငံတကာ စည်းလုံး
ညီညွတ်ရေးကို ကိုယ်စားပြုတယ်။ အခု တရုတ်တွေ ကြွေးကြော်ထားတဲ့ အိုလံပစ်
ဆောင်ပုဒ် One World, One Dream. ကမ္ဘာတခု အိပ်မက်တခု။ ဒီဆောင်ပုဒ်
ကိုယ်နှိုက်ကိုက အင်မတန်မှာ အဓိပ္ပာယ်ပြည့်ဝပါတယ်။ ဒါပေမယ့် ဒီ One World,
One Dream၊ ကမ္ဘာတခု အိပ်မက်တခုထဲမှာ ကျနော်တို့ မြန်မာပြည်သူတွေ ပါဝင်ခွင့်
ရှိပါသလား၊ လက်ရှိအခြေအနေမျိုးမှာတော့ မရှိနိုင်ပါဘူး။ အလားတူပဲ ဆူဒန်က
ဒါဖောဒေသက ပြည်သူတွေလည်း ပါဝင်ခွင့်မရှိပါဘူး။

“ဒီလောက် နိုင်ငံတကာ စည်းလုံးချစ်ကြည်ရေးနဲ့ လူသားချင်းစာနာ ထောက်ထားရေး
အတွက် အင်မတန်မှ အဓိပ္ပာယ်ပြည့်တဲ့ အိုလံပစ်ပွဲတော်ကြီးကို အခုလို နိုင်ငံတကာ
စစ်အစိုးရတွေ၊ အာဏာရှင်စနစ်တွေကို ထောက်ခံအားပေးနေတဲ့ တရုတ်အစိုးရက လက်ခံကျင်းပတာက အင်မတန်မှ ရှက်စရာကောင်းတဲ့ ကိစ္စကြီးပါ။ ဒါကြောင့် ကျနော်
တို့က ကျနော်တို့နဲ့ သဘောထားမတူညီတဲ့ အမြင်တွေ ရှိပေမယ့်လည်း ကျနော်တို့
အယူအဆကတော့ တရုတ်အစိုးရအပေါ် တဖက်က ပျော့ပျော့ပြောင်းပြောင်းချဉ်းကပ်
မှုတွေ ဆက်ပြီးရှိနေဖို့ လိုအပ်သလို တရုတ်အစိုးရကို ကျနော်တို့မြန်မာပြည်သူတွေရဲ့ မကျေနပ်မှုကိုလည်း တိတိလင်းလင်း၊ ထင်ထင်ရှားရှား ထုတ်ဖော်ပြသဖို့ လိုတယ်
ဆိုတာ ကျနော်တို့က ယုံကြည်ထားပါတယ်။”

မြန်မာ့အရေးနဲ့ပတ်သက်လို့ တရုတ်အစိုးရရဲ့ သဘောထားတွေ ပြောင်းလဲလာစေဖို့
ရည်ရွယ်ပြီး အိုလံပစ်အားကစားပွဲတော် ဆန့်ကျင်ရေး လှုပ်ရှားမှု တစိတ်တဒေသအဖြစ် အိုလံပစ်ပွဲတော် အထိမ်းအမှတ်ရောင်းချတဲ့ ပစ္စည်းတွေကို မ၀ယ်ကြဖို့ ဒီလို ဆန့်ကျင် ဆောင်ရွက်မှုတွေမှာ ထင်ရှားသူတွေ ပူးပေါင်းပါဝင်လာကြဖို့ စည်းရုံးသွားမယ်လို့လည်း
US Campaign for Burma ရဲ့ မူဝါဒရေးရာ ဒါရိုက်တာ ကိုအောင်ဒင်က ပြောပါတယ်။

ဒါ့အပြင် အိုလံပစ် အားကစားပွဲကာလမှာ ရုပ်မြင်သံကြား အစီအစဉ်တွေကို မကြည့်ကြ
ဖို့၊ ဒီလိုကြည့်ရှုကြမယ့် အချိန်တွေမှာ မြန်မာ့အရေးအတွက် အကျိုးဖြစ်ထွန်းမယ့် ကိစ္စ
တခုခုကို အစားထိုးလုပ်ကိုင်ဆောင်ရွက်သွားဖို့ လှုံ့ဆော်စည်းရုံးသွားမယ်လို့လည်း
သူက ပြောပြသွားခဲ့ပါတယ်။

Monday, February 25, 2008



ရွှေဝါရောင်တော်လှန်ရေး (၅) လပြည့် အထိမ်းအမှတ်
သာသနာ့ ဥသျှောင်အဖွဲ့ (ထိုင်းနိုင်ငံ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနှင်
ဘာသာကြီး (၄) ခု ပူးတွဲကြေဌာချက် ရက်စွဲ။ ။ ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၆) ရက်။




သူ့လိုလူ ဇမ္ဗူမှာမရှိ

မတစ်ထောင် တစ်ကောင်ဖွားတွင်
ရှားတဲ့ဇာနည်တွေ
ဒဏ္ဏာရီမှာ ပျက်ကြွေခဲ့ပြီ...

ဂဋ္ဌုန်လို အသိဥာဏ်မဲ့
ဆန်ကောလောက်မှ စောက်မနက်
မြန်မာပြည်ကောင်းစားမည့်အကြံ
နေ၀င်း လက်မခံ
ဘယ်သူသေသေ ငတေမာပြီးရော
ဘာလဲ့ဟေ့ အာဇာနည်
ပေါ်လာလျှင်
ကျူပင်ခုတ် ကျူငုတ်မကျန်
စစ်အာဏာရှင် အဘိဓာန်မှာ
စွဲခဲ့လေပြီ.....

အခုဆိုရင်
(၁၉) ဇူလိုင်မမေ့နိုင်
သူ့ အုတ်ဂူလည်း ပျောက်ခဲ့ပြီ
သူ့ သမိုင်းလည်း ဖျောက်ခဲ့ပြီ
သူ့ ရင်သွေးလည်း အကျဉ်းကျပြီ
သူ့ အသက်ကိုလှူ
သူ့ အတွေးအခေါ်ကိုစတေး
သူ့ ရင်သွေးဖြင့် ကျေးဇူးဆပ်ခဲ့ပြီ
သူ့ လိုလူ ဇမ္ဗူမှာမရှိ

အောင်ကျော်မိုး၊ NLD (LA) Malaysia

၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲ အခမ်းအနား (၁)


၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲ အခမ်းအနား (၂)
၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲ အခမ်းအနား (၃)
၁၉၉၁ ခုနှစ် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးအပ်ပွဲ အခမ်းအနား (၄)

နော်ဝေး ရုပ်-သံ ဌာနမှ ကူးယူဖော်ပြပါသည်။

မန္တလေး ရတနာပုံဈေးကြီး မီးလောင် (ခေတ်ပြိုင်)


မန္တလေးမြို့ရှိ ရတနာပုံဈေးကြီး၌ ယနေ့နံနက် (၈) နာရီခန့်က စတင်၍ မီးလောင်မှု ဖြစ်ပွားပြီး ဆိုင်ခန်း အများအပြား ပျက်စီးဆုံးရှုံးသွားကြောင်း မန္တလေးမြို့ခံများက ပြောသည်။

ရတနာပုံဈေး အမ်အိုင်စီတီပတ်ခ်ရှိ ကွန်ပျူတာ သင်တန်းခန်းမှ မီးစက် ဓာတ်ဆီလောင်းရာမှ စတင်မီးလောင်ကျွမ်းခြင်း ဖြစ်သည်ဟု သိရကြောင်း မီးလောင်ရာသို့ သွားရောက် ကြည့်ရှုသူ မြို့ခံတဦးက ပြောသည်။ အာဏာပိုင်များထံမှ သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

၎င်းက “ခုထက်ထိ မငြိမ်းသေးဘူး။ အရှေ့ဘက်ခြမ်းက ကုန်သွားပြီိ ။ အခုက အနောက်ဘက် ခြမ်းကနေ ပစ္စည်းထုတ်နေတယ်ဗျာ။ ဈေးထဲကို အ၀င်မခံတော့ဘူး လူတွေလည်း နှင်ထုတ်နေ တယ်။ ပစ္စည်း သယ်တဲ့လူတွေ၊ ငိုတဲ့ယိုတဲ့လူတွေ ရှောင်ရတိမ်းရနဲ့ ။ မီးညွန့်ကတော့ မထွက်ဘူး အထဲမှာ လှိုက်လောင်ပြီး မီးခိုးပဲထွက်နေတာ။ မြောက်ဘက်ကတော့ မီးညွန့်ထွက်လာတယ်။ မြောက်ဘက်ခြမ်းက အောက်ဘက်မှာ စလောင်နေပြီဆိုတဲ့ သဘောပေါ့၊ အပေါ်ထပ်က အကုန် ကုန်လောက်ပြီ” ဟု ပြောသည်။

ယင်းဈေးကြီးသည် မန္တလေးမြို့ရှိ အကြီးမားဆုံး ဈေးကြီးတခု ဖြစ်ပြီး လူသုံးကုန်ပစ္စည်းနှင့် အထည်အလိပ်ဆိုင်ခန်း အများအပြားရှိသည့်အတွက် ဆုံးရှုံးမှုပမာဏ ကြီးမားမည်ဟု မြို့ခံ
များက ခန့်မှန်းသည်။

မန္တလေး ရတနာပုံဈေးကြီး၌ ပထမထပ်တွင် လူသုံးကုန်ပစ္စည်းနှင့် အထည်အလိပ်ဆိုင်ခန်းများ၊ ဒုတိယထပ်၌ SKY Walk ရှောပင်းစင်တာ၊ တတိယထပ်၌ ရက်လက်စင်တာ၊ စတုတ္ထထပ်၌ အမ်အိုင်စီတီပတ်ခ်၊ ပဉ္စမထပ်၌ ခမ်းမဆောင်နှင့် ရုံးခန်းများ တည်ရှိသည်။

ယခုအချိန်အထိ မီးငြိမ်းသတ်နိုင်ခြင်း မရှိသေးဘဲ ဆိုင်ခန်းများ ဆက်လက် လောင်ကျွမ်းနေဆဲ ဖြစ်ပြီး အသေအပျောက်မှာ မသိရှိရသေးကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ညနေ (၄) နာရီခန့်ကလည်း မန္တလေးမြို့ (၈၄) လမ်းနှင့် (၂၆) ဘီလမ်း အနားရှိ အာရှဓနဘဏ်ခွဲနှင့်ကပ်ရက် ပန်းသီးတံဆိပ်ဘိနပ်ရုံ၌ မီးလောင်မှု ဖြစ်ပွားပြီး လူ (၂) ဦး သေဆုံးခဲ့သည်ဟု သိရကြောင်း မြို့ခံများက ပြောသည်။

Sunday, February 24, 2008

န.အ.ဖ ၏ပြည်သူ့ဆန္ဒခံယူပွဲအား ပြတ်သားစွာ ကန့်ကွက်ကြောင်း

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ပုချွန်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မလေးရှား၊ ဌာနခွဲရုံး တွင် NLD (LA) Malaysia အလုပ်အမှုဆောင်အဖွဲ့၊ နယ်မြေတာဝန်ခံများ၊ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များမှ န.အ.ဖ ၏ ပြည်သူ့ဆန္ဒခံယူပွဲအား ပြတ်သားစွာ ကန့်ကွက်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များနှင့်အတူ ဒုတိယအကြိမ် မြောက်မဟာသင်္ကြန်ဖျော်ဖြေပွဲအား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး အတွက် ပွဲဖြစ်မြောက်ရေးကော်မတီ အားဖွဲ့စည်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။ NLD (LA) Malaysia

ထိုးစစ်ဆင်မှု၊ မြေမြုပ်မိုင်းများနှင့် တိုင်းရင်းသားများ၏ဘ၀ (၁)


ထိုးစစ်ဆင်မှု၊ မြေမြုပ်မိုင်းများနှင့် တိုင်းရင်းသားများ၏ဘ၀ (၂)
ထိုးစစ်ဆင်မှု၊ မြေမြုပ်မိုင်းများနှင့် တိုင်းရင်းသားများ၏ဘ၀ (၃)

စစ်အစိုးရ၏ရက်စက်ယုတ်မာသောထိုးစစ်ဆင်မှုများကြောင့်ဒုက္ခ၊သောကပေါင်းများစွာကိုခါးစီးခံစားနေရ သောကျွန်တော်တို့၏ချစ်လှစွာသောတိုင်းရင်းသားညီအကိုမောင်နှမများ၏ဘ၀လူ့အခွင့်အရေးဆုံးရှုံးနေသည့် ကျွန်တော်တို့တိုင်းပြည်မြန်မာနိုင်ငံတွင်လူဖြစ်လာမည့်ကျွန်တော်တို့၏မျိုးဆက်သစ်များအတွက် မိမိရောက်ရာ
ဒေသမှ မိမိတတ်နိုင်တာ
ထက်ကျွန်တော်တို့တိုင်းပြည်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေး
အတွက်
စုစည်းညီညွတ်စွာဖြင့် တိုက်ပွဲဝင်ကြပါစို့

Saturday, February 23, 2008

ငါတို့အား

ယုတ်မာလိုက်တဲ့ ဗိုလ်ချုပ်တွေ
မဟုတ်တာတွေ အကုန်လုပ်နေ
အာဏာတည်တံ့ဖို့ သူတို့ကြိုးစား
ရဟန်းရှင်လူ ကျောင်းသားများအား
ထောင်ထဲထည့်လို့ထား

ကြောက်မယ်လို့တော့ မထင်ပါနဲ့
ဒို့မျိုးဆက်သစ်တွေ ရှိသေးတယ်
ဒို့တိုင်းပြည်ရဲ့ ဒီမိုကရေစီအရေး
ငါတို့မျိုးဆက်သစ်တွေ အလေးပေး

တစ်ပွဲတစ်လမ်းလောက် အကဲစမ်းအုံးမယ်
ခင်ဗျားတို့ ဗိုလ်ချုပ်တွေနဲ့ကွယ်
သေနတ်နဲ့ပစ်မလား ထောင်ထဲထည့်မလား
ရင်ဆိုင်သွားမယ့် ငါတို့အား

(ခိုင်ခန့်)

အနာဂတ်ကို ယုံကြည်သူများ (ဆရာတင်မိုး)

အနာဂတ်ကို မျှော်လင့်ခြင်းနဲ့
လက်ငင်းဘ၀ကို အရင်းအနှီးပြုနေ။

အထောင်းခံ အထုခံရ
ကြေမွနေပေမယ့်
အရေထူထူ နေပူပူမှာ
သံပူနဲ့ ထုထု
မမှုတဲ့ အခြေ။

မျက်ရည်ကျလဲ
တခဏပဲ
သံဝေဂမဆို မငိုမရှိုက်
ခေါင်းမစိုက် ဦးမခိုက်
မိုက်တယ်လို့ ဆိုချင်ဆိုကြစေ။

စိတ်ဓာတ်မကျ လက်နက်မချဘူး
ထာဝရအမှန်ကို စိတ်သန်သန် ယုံကြည်
အနာဂတ် တိုင်းပြည်ကို
မျှော်ရည်လို့ မှန်းမြင်၊ လမ်းသစ်ထွင်းပြီး
ခရီးတွင်အောင် လျှောက်လှမ်း
အောင်ပန်းဆွတ် စိတ်ဓာတ်နဲ့
ဇွဲခတ်နေတဲ့ လူထုတွေ။ ။

၂၈၊ ဇွန်၊ ၁၉၉၉
တနင်္လာနေ့ နံနက်ခင်း

လူထုတိုက်ပွဲ မဆုံးသေး (ဆရာတင်မိုး)

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်း
မြင်းသမား လက်ထဲ
အာဏာ တည်မြဲကတဲက
ဆင်းရဲမှု ပေါင်းစုံ
ချွတ်ခြုံကျ နိုင်ငံ
တာတေလန်ခဲ့တာ လူတိုင်းအသိ

၁၉၆၂ ခုနှစ်က
ဆိုယ်ရှယ်လစ် အရေးခြုံပြီး
စစ်တပ်အုံ စစ်တပ်ကျင်းနဲ့
မင်းမူခဲ့ ဆိုးသွမ်းခဲ့
စစ်ဘုရင်တွေ သောင်းကျန်းခဲ့တာ
မှတ်မိသေးရဲ့ မဟုတ်လား။

အာဏာရှင်ကို ဖြိုလှဲခြင်း (၁)


အာဏာရှင်ကို ဖြိုလှဲခြင်း (၂)
အာဏာရှင်ကို ဖြိုလှဲခြင်း (၃)
အာဏာရှင်ကို ဖြိုလှဲခြင်း (၄)
အာဏာရှင်ကို ဖြိုလှဲခြင်း (၅)
အာဏာရှင်ကို ဖြိုလှဲခြင်း (၆)
အာဏာရှင်ကို ဖြိုလှဲခြင်း (၇)
အာဏာရှင်ကို ဖြိုလှဲခြင်း (၈)
အာဏာရှင်ကို ဖြိုလှဲခြင်း (၉)
အာဏာရှင်ကို ဖြိုလှဲခြင်း (၁၀)
ဒီမိုကရက်တစ်မြန်မာ့အသံမှ ကူးယူဖော်ပြပါသည်။

Friday, February 22, 2008

ကေအိုင်အို ဗဟို ကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်အကြီး အကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြတောင်းဆိုထားသော အချက်အလက်များ။

နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းစေလိုသော အချက်အလက်များနှင့် ပတ်သက်၍ ကချင်အထူးဒေသ - (၂)၊ ကေအိုင်အို ဗဟို ကော်မတီမှ အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ဥက္ကဌနှင့် နိုင်ငံတော်အကြီး အကဲများထံသို့ ထပ်မံဖြည့်စွက်တင်ပြတောင်းဆိုထားသော အချက်အလက်များ။

၁။ နိုင်ငံတော်ဖွဲ့စည်းတည်ဆောက်ပုံနှင့် စပ်လျဉ်းသည့်အခြေခံရမည့်မူများတွင်....
(၁) နိုင်ငံတော်ကို ပြည်ထောင်စုစနစ်ဖြင့် ဖွဲ့စည်းတည်ဆောက်သည်ဟု ပါရှိသည်။ ၎င်းမူကို လက်တွေ့ကျင့်သုံးဖေါ်ဆောင်သွားရာ၌ ပြည်ထောင်စုစနစ်ပီပြင်ရန်နှင့် ပြည်ထောင်စု စစ်စစ်မူပိုမိုပေါ်လွင်လာရန် လိုအပ်မည်ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ နိုင်ငံတော်ကို ပြည်ထောင်စုမြန်မာနိုင်ငံတော်ဟုခေါ်တွင်ပြီး ပြည်ထောင်စု စနစ်ကျင့်သုံးသည်ဟုဆိုထားသော်ငြားလည်း လက်တွေ့၌ ဗဟိုချုပ်ကိုင်မှု တင်းကြပ်သော တစ်ပြည်ထောင်စနစ် (Unitary System)ဖြစ်နေသည်ကို တွေ့မြင်ခဲ့ရပါသည်။ ထို့ကြောင့် ယခုရေးဆွဲမည့် နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၌ ယင်းကဲ့သို့ မလိုအားအပ်သော အမှားမျိုး ထပ်မံမဖြစ်ပွားရလေအောင် ဂရုပြုဆောင်ရွက်ရန် အထူးအရေးကြီးမည် ဖြစ်ပါသည်။

(၂) နိုင်ငံတော်ကို တိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့ဖြင့် ဖွဲ့စည်းတည်ဆောက်သည်။ ၎င်းတိုင်းဒေသကြီး (၇)ခုနှင့် ပြည်နယ် (၇)ခုတို့သည် အဆင့်အတန်း တူညီကြသည်ဟု ပါရှိသည်။ ဤအချက်ကို ပြန်လည်စဉ်းစားပေးဖို့ရန် အထူးပန်ကြားလိုပါသည်။ အဘယ် ကြောင့်ဆိုသော် ပြည်နယ်များသည် တိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုထား သည်ဖြစ်သဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ ကိုယ်ပိုင်အုပ်ချုပ်ရေးအခွင့်အရေးနှင့် တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့်များကို ထည့်သွင်းပြဌာန်းထားရန် လိုအပ် မည်ဖြစ်ပါသည်။

၂။ နိုင်ငံတော်အချုပ်အခြာအာဏာပိုင်းခြားခွဲဝေခြင်းနှင့် စပ်လျဉ်းသည့် အခြေခံရမည့်မူ များတွင်...
နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေး အာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို ပိုင်းခြားသတ်မှတ်ထားပြီး ၎င်းအာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုများအား ခွဲဝင်အပ်နှင်းသည်ဟု ပါရှိသည်။ ဤတွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို လက်တွေ့ ရေးဆွဲပြဋ္ဌာန်းသည့်အခါ ၎င်းအာဏာသုံးရပ်ကို တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်များသို့ ထိုက်သင့်စွာခွဲဝေအပ်နှင်းပေးထားစေလိုပါသည်။ ဥပဒေပြုအာဏာခွဲဝေရာ၌ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်များသို့ ယခုထက်ပိုမို ခွဲဝေအပ်နှင်းပေးထားသင့်သည်ဟု မြင်ပါသည်။ အထူးသဖြင့် ပြည်နယ်များတွင် တိုင်းရင်းသားများ၏ အခွင့်အရေးနှင့် ပါတ်သက်သော ဥပဒေပြုအာဏာကို ပြည်နယ်လွှတ်တော်များသို့ လုံလောက်စွာခွဲဝေအပ်နှင်း ပေးထားစေလို ပါသည်။

ဥပမာ၊
(၁) တိုင်းရင်းသားလူမျိုးစုများ၏ စာပေများကို ထိန်းသိမ်းမြှင့်တင်ရေး၊ ပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၌ သက်ဆိုင်ရာတိုင်းရင်းသားများ၏ စာပေကို သင်ကြားခွင့်ရှိရေး၊ ၎င်းတိုင်းရင်းသားစာပေကို သက်ဆိုင်ရာပြည်နယ်၏ ဒုတိယရုံးသုံးစာအဖြစ် သတ်မှတ်ရေး၊
(၂) တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင် ရေး၊
(၃) တိုင်းရင်းသား လူမျိုးစုများ၏ ဓလေ့ထုံးတမ်းအရ တရားစီရင်ရေး (Customary Law)ကို ဥပဒေပြု၍ တရားဝင်ပြဋ္ဌာန်းရေး၊
(၄) တိုင်းရင်းသားလူမျိုးစုများ၏ အရေးအရာများကို ဥပဒေပြဋ္ဌာန်း၍ ကာကွယ်စောင့်ရှောက် ပေးရေးတို့ ဖြစ်ပါသည်။

၃။ အုပ်ချုပ်ရေးဆိုင်ရာ အခန်းကဏ္ဍ၌၊
(၁) နိုင်ငံတော်သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအပေါ် ချုပ်ကိုင် ကန့်သတ်မှုများလွန်းလျှင် ဗဟိုချုပ်ကိုင်မှုတင်းကြပ်လွန်းရာရောက်သဖြင့် တစ်ပြည်ထောင် စနစ်ပုံစံ ဖြစ်သွားနိုင်သည်ဟု မြင်ပါသည်။

(၂) ပြည်နယ်အစိုးရအကြီးအကဲ (ပြည်နယ်ဝန်ကြီးချုပ်)သည် ၎င်းပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသားလူမျိုးစုထဲမှ ဖြစ်သင့်ပါသည်။ ဖ.ဆ.ပ.လ ပါလီမန်အစိုးရခေတ်၌ ပြည်နယ်ကောင်စီဥက္ကဌ (သို့) ပြည်နယ်ဝန်ကြီးသည် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြု သော တိုင်းရင်းသား လူမျိုးစုအမတ်တဦးဦးကို ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း၊ မ.ဆ.လ ဆိုရှယ်လစ်အစိုးရခေတ်၌လည်း ပြည်နယ်ကောင်စီဥက္ကဌကို သက်ဆိုင်ရာပြည်နယ် ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုထဲမှ ရွေးချယ်ခန့်ထားသည်ကိုလည်းကောင်း တွေ့မြင်ရပါသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလူမျိုးစုများ၏ မူလရပိုင်ခွင့် အခွင့်အရေးများကို နိုင်ငံတော်အစိုးရမှ အသိအမှတ်ပြု၍ ဥပဒေပြဋ္ဌာန်းပေးခြင်းသည် ပြည်ထောင်စုကြီးအဖြစ် အပေါ်ပေါက်လာသော သမိုင်းကြောင်းအရ မှန်ကန်သင့်လျော်မှုရှိသည့်အတွက် ယခုရေးဆွဲ မည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၌လည်း အလားတူဥပဒေမျိုးကို ပြဋ္ဌာန်းပေးရန် လိုလားပါ သည်။

(၃) ပြည်နယ်အစိုးရဖွဲ့စည်းရေးနှင့်ပတ်သက်၍၊
(က) ပြည်နယ်ဝန်ကြီးချုပ်ကို ရွေးချယ်ရာတွင် သက်ဆိုင်ရာပြည်နယ် လွှတ်တော်၌ လျှို့ဝှက်မဲ စနစ်ဖြင့် လွှတ်တော်အမတ်အများစု၏ သဘောတူညီချက်ကို ရယူပြီး ရွေးချယ်ရန်၊ ထိုသို့ ရွေးချယ်ခံထားရသူအား နိုင်ငံတော်သမ္မတက ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ပေးရန်၊

(ခ) ပြည်နယ်အစိုးရအဖွဲ့ကို ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းတိုင်ပင်ပြီး ပြည်နယ်ဝန်ကြီးဌာန သတ်မှတ်ခြင်း၊ ပြည်နယ်ဝန်ကြီးဦးရေ သတ်မှတ်ခြင်း နှင့် ပြည်နယ်ဝန်ကြီးရွေးချယ်ခန့်ထားခြင်း လုပ်ငန်းများကိုဆောင်ရွက်ကာ ပြည်ထောင်စု အစိုးရ သမ္မတထံတင်ပြ၍ သမ္မတမှ အတည်ပြုခန့်အပ်ပေးရန်၊

(ဂ) ပြည်နယ်ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်များကို ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ် လွှတ်တော်၏ သဘောတူညီချက်ကို ရယူ၍ ခန့်အပ်ရန်၊

(ဃ) ပြည်နယ် တစ်ခုအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း (သို့) ဒေသဥက္ကဌများနှင့် ဦးစီး အဖွဲ့ဝင်များကို သက်ဆိုင်ရာ ပြည်နယ်ဝန်ကြီးချုပ်က ခန့်အပ်ပေးရန်၊

(င) ပြည်နယ်တစ်ခု၏ အစိုးရအဖွဲ့ဝင်ဝန်ကြီးတဦးဦးက နုတ်ထွက်ရန် လိုအပ်လာပါက ၎င်း၏နုတ်ထွက်စာကို သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်ထံ တင်သွင်းရန်၊ ပြည်နယ် ၀န်ကြီးချုပ်က နုတ်ထွက်စာကို လက်ခံယူပြီး ပြည်နယ်လွှတ်တော်၏သဘောတူညီချက်ဖြင့် လိုအပ်သလို ဆက်လက်ဆောင်ရွက်ရန်၊ ပြည်နယ်တစ်ခု၏ ၀န်ကြီးချုပ်တစ်ဦးက နုတ်ထွက်လိုလျှင် ၎င်း၏ နုတ်ထွက်စာကို သမ္မတထံတိုက်ရိုက် တင်သွင်းရန်၊

(စ) ပြည်နယ်တစ်ခုခုအတွင်း တည်ငြိမ်မှုစိုးရိမ်ဖွယ်ရာ အဆင့်သို့ရောက်လာလျှင် ပြည်နယ် ၀န်ကြီးချုပ်က ပြည်နယ်လွှတ်တော်နှင့် ညှိနှိုင်းပြီး သမ္မတထံတင်ပြရမည်။ ထိုသို့ တင်ပြလာလျှင် သမ္မတက သက်ဆိုင်ရာပြည်နယ်ဝန်ကြီးချုပ်နှင့် ညှိနှိုင်းသဘောတူပြီး မှသာ ၎င်းပြည်နယ်၌ အရေးပေါ် အခြေအနေကြေညာရန်၊

(ဆ) ပြည်နယ်အစိုးရ လက်အောက်တွင် ၀န်ထမ်းခန့်ထားရေးအဖွဲ့ ဖွဲ့စည်းထားရှိ၍ အစိုးရ၀န်ထမ်းများကို ဒေသခံများအား ဦးစားပေး၍ ရွေးချယ်ခန့်ထားနိုင်ရန်၊

(ဇ) ပြည်နယ်အစိုးရ လက်အောက်တွင် ပြည်နယ်ရဲတပ်ဖွဲ့ ဖွဲ့စည်း၍ ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက် ကွပ်ကဲခွင့်ရှိရန်၊

(ဈ) အပစ်အခတ်ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရယူထားသော တိုင်းရင်းသားလူမျိုးစုအဖွဲ့အစည်း များနှင့် ပြည်သူလူထုတရပ်လုံးမှ နောင်ထွက်ပေါ်လာမည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထောက်ခံအတည်ပြုပြီးသွားလျှင် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကို ပြည်ထောင်စု တပ်မတော်၏အောက်တွင် သက်ဆိုင်ရာ ပြည်နယ်၏လုံခြုံရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းပြီး ပြည်နယ်ဝန်ကြီးချုပ်မှ တိုက်ရိုက်ကွပ်ကဲရန်၊

၎။ ပြည်ထောင်စုနယ်မြေသတ်မှတ်ခြင်းနှင့်၊ ပြည်နယ်တစ်ခုခု၏ နယ်နိမိတ်ကို ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် ပြည်နယ်တစ်ခုခု၏ အမည်ကို ပြောင်းလဲလိုခြင်းနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသားလူမျိုးစုများ၏အများစု သဘောတူညီချက်ကို ရရှိမှသာ ဆောင်ရွက်နိုင်ရန်။

၅။ ဘာသာ သာသနာနှင့် စပ်လျဉ်းသည့် အခြေခံမူ၌ ဘာသာ သာသနာများကို ခွဲခြားမှုမရှိဘဲ တူညီမျှတသော ဥပဒေပြဋ္ဌာန်း၍ ဘာသာရေးလွတ်လပ်ခွင့် ပြုထားရန်လိုလားပါသည်။

၆။ အမျိုးသားလွှတ်တော်သည် တိုင်းရင်းသားလူမျိုးစုအရေးအရာများကို အဓိကထား ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်သောကြောင့် ပြည်နယ်များမှ ကိုယ်စားလှယ် ရွေးချယ်စေလွှတ် ရာတွင် သက်ဆိုင်ရာပြည်နယ်ကို ကိုယ်စားပြုသော တိုင်းရင်းသား ကိုယ်စားလှယ်များကိုသာ ရွေးချယ်စေလွှတ်သော ဥပဒေပြဋ္ဌာန်းထားပေးရန် လိုလားပါသည်။

၇။ ပြည်ထောင်စုအစိုးရအဖွဲ့၌ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးခြားဖွဲ့စည်းထားရှိရန် လိုအပ်မည်ဟု မထင်ပါ။ နယ်စပ်လုံခြုံရေးကိစ္စရပ်များကို ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က တိုက်ရိုက်ညှိနှိုင်းဆွေးနွေးပြီး သင့်တော်သလို စီမံဆောင်ရွက်သင့် ပါသည်။ နယ်စပ်ဒေသဆိုင်ရာ ၀န်ကြီးဌာနကို သီးသန့်ဖွဲ့စည်းထားခြင်းအားဖြင့် နယ်စပ် ရှိသော ပြည်နယ်များ၏ လုပ်ပိုင်ခွင့် အာဏာများကို ဗဟိုက ကန့်သတ်ထိန်းချုပ်ပေးရာ ရောက်သွားနိုင်သဖြင့် နောင်တွင်မလိုလားအပ်သော ပြဿနာများအပေါ်ပေါက်လာနိုင်သည် ဟု မြင်ပါသည်။

၈။ နယ်စပ်ရှိသော ပြည်နယ်များ၏ လွှတ်တော်များ၌ နယ်စပ်ဒေသ ယာယီဝင်ထွက်သွားလာ ခွင့်နှင့် နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များနှင့် ပတ်သက်သော ဥပေဒများကို ပြဋ္ဌာန်းခွင့်ရှိသင့် ပါသည်။ ထိုဥပဒေနှင့်အညီ အစိုးရအဖွဲ့က လက်တွေ့ဆောင်ရွက်သွားမည်ဆိုလျှင် ပို၍ မှန်ကန်တရားမျှတမှု ရှိမည်ဖြစ်ပါသည်။

၉။ စီးပွားရေးကဏ္ဍ၌ ပြည်နယ်များအတွင်းရှိ မြေပေါ်မြေအောက် သယံဇာတများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရများက ပြည်ထောင်စုအစိုးရနှင့် မျှမျှတတ အကျိုးခံစားနိုင် ရန်အတွက် ပြည်နယ်လွှတ်တော်များ၌လည်း သင့်လျော်သလို ဥပဒေပြဋ္ဌာန်းခွင့် ရှိသင့်ပါ သည်။ ဥပမာ ကျောက်မျက်ရတနာနှင့်ပတ်သက်၍ ဖြတ်တောက်ခြင်းနှင့် အချောသွေးခြင်း ကိုသာ ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားမည့်အစား ရှာဖွေ၊ တူးဖေါ်ခွင့်နှင့် ရောင်းချခွင့်တို့ကိုပါ ဖြည့်စွက်ပေးထားမည်ဆိုလျှင် ပိုမိုပြည့်စုံမည်ဖြစ်ပါသည်။ ၎င်းအပြင် ဟိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍လည်း ပြည်နယ်လွှတ်တော်များ၌ ဥပဒေပြုခွင့် အပ်နှင်းထားရန် လိုလားပါသည်။

၁၀။ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင်.. မြေယာစီမံခန့်ခွဲမှု၊ မြေလွတ်၊ မြေရိုင်းများ ဖေါ်ထုတ်ခြင်း၊ ကြေးတိုင်နှင့် မြေစာရင်း၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေးသုတေသန၊ ရေအရင်း အမြစ် စီမံခန့်ခွဲရေး၊ ဓါတ်မြေသြဇာနှင့် ပိုးသတ်ဆေးထုတ်လုပ်ရေး၊ စားကျက်မြေ သတ်မှတ်ရေး စသည်တို့ကို ပြည်နယ်ဥပဒေပြုစာရင်း၌ ဖြည့်စွက်ထည့်သွင်းပေးစေလို ပါသည်။

၁၁။ အခွန်အကောက်ဆိုင်ရာ အခန်းကဏ္ဍ၌ ကျွန်းနှင့်သတ်မှတ်ထားသော သစ်မာများမှအပ ကျန်သစ်များအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြည်နယ်လွှတ်တော် များအား ဥပဒေပြုခွင့် အပ်နှင်းထားသည်ကို ကျွန်းမှအပ ကျန်သစ်များအားလုံးအပေါ် ပြည်နယ်အစိုးရများက အခွန်ကောက်ခံနိုင်သည်ဟု ပြင်ဆင်ပြဋ္ဌာန်းစေလိုပါသည်။

၁၂။ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော်များ၌ ရေအရင်းအမြစ် နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး၊ စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်း၊ ဖက်(စ်)၊ အီးမေးလ်၊ အင်တာနက်၊ အင်ထရာနက်နှင့် အလားတူ ဆက်သွယ်ရေးလုပ်ငန်းများနှင့် ရုတ်မြင်သံကြား၊ ဂြိုလ်တုဆက်သွယ်ရေး၊ အသံလွှင့် အသံဖမ်းလုပ်ငန်းများနှင့်ပတ်သက်၍ ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်အပ်နှင်းပေးထားရန်လိုလားပါသည်။

၁၃။ လူမှုရေးကဏ္ဍနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်များ၌ ကိုယ်ပိုင်ကျောင်းနှင့် သင်တန်းများ၊ ကုသိုလ်ဖြစ်ဆေးရုံနှင့်ဆေးခန်းများ၊ ပုဂ္ဂလိကဆေးရုံနှင့် ဆေးခန်းများ၊ ကလေးသူငယ်များ၊ လူငယ်များ၊ အမျိုးသမီးများ၊ မသန်မစွမ်းသူများ၊ သက်ကြီးရွယ်အိုများ၊ အခြေအနေမဲ့များအား စောင့်ရှောက်ရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ် များနှင့် မီးသတ်တပ်ဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ကိစ္စရပ်များကို ဥပဒေပြဋ္ဌာန်းခွင့် ဖြည့်စွက်ပေးထား စေလိုပါသည်။

၁၄။ စီမံခန့်ခွဲရေးကဏ္ဍတွင် အထွေထွေအုပ်ချုပ်ရေး၊ ရွာမြေ၊ မြို့မြေစီမံခန့်ခွဲရေး၊ အိမ်ငှါး၊ မြေငှါး၊ အသင်းအဖွဲ့များ၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သန်းခေါင်စာရင်းဆိုင်ရာ ကိစ္စရပ်များကို ပြည်နေယ်လွှတ်တော်များ၏ ဥပဒပြုစာရင်း၌ ဖြည့်စွက်ပေးစေလိုပါသည်။

၁၅။ ကချင်ပြည်နယ်၏ နယ်နိမိတ်အား ကချင်ပြည်နယ်ကိုစတင်ဖွဲ့စည်းတည်ထောင်ခဲ့စဉ်က ရေးဆွဲသတ်မှတ်သည့် နယ်မိမိတ်အတိုင်း ဆက်လက်၍အတည်ပြု သွားရန်လိုအပ်ပါသည်။

၁၆။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေံဥပဒေတရပ်သည် ပြည်သူ့ဆန္ဒခံယူပြီး အများစုထောက်ခံမှုဖြင့် အတည်ပြုပြဋ္ဌာန်းရသည်ဖြစ်သဖြင့် ၎င်းအားကာကွယ်ထိန်းသိမ်ရန် အဓိကတာဝန်သည် ပြည်သူလူထုတရပ်လုံး၏ တာဝန်ဖြစ်သည်ဟု ဥပဒေပြဋ္ဌာန်းထားခြင်းသည် ပိုမိုသင့်လျော် မှန်ကန်မည်ဟု မြင်ပါသည်။

၁၇။ ပြည်ထောင်စုတစ်ခုလုံးအတွက် နိုင်ငံသား (Citizen)သတ်မှတ်သည့်နည်းတူ ပြည်နယ် များ၌လည်း ပြည်နယ်သားသတ်မှတ်သော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားရှိရန် လိုမည်ဖြစ်ပါ သည်။ အကြောင်းမှာ နောင်တွင်တိုင်းပြည်၌ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲများနှင့် ဆန္ဒခံယူပွဲများကို ကျင်းပသွားသည့်အခါ ပြည်ထောင်စုနှင့်အလားတူ ပြုလုပ်သွားရာ၌ အရှုပ်အရှင်း အခက်အခဲပြဿနာပေါ်ပေါက်လာနိုင်သောကြောင့် ဖြစ်ပါသည်။

၁၈။ ပြည်နယ်အုပ်ချုပ်ပုံအခြေခံဥပဒေကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် မဆန့်ကျင်ဘဲ သင့်လျော်သလို ရေးဆွဲထားရှိခွင့်ပြုရန်လိုလားသည်။ အဘယ့်ကြောင့်ဆိုသော် ဒေသတစ်ခုနှင့်တစ်ခု အခြေအနေခြင်းကွာခြားမှုရှိနိုင်သဖြင့် ဒေသအခြေအနေနှင့် ကိုက်ညီသော ဖွဲ့စည်းပုံအခြေခံဥပဒေများကို ပြည်နယ်တိုင်း၌ ရေးဆွဲထားရှိနိုင်လျှင် ပြည်ထောင်စုကြီး ပိုမိုကျစ်လစ်ခိုင်မာပြီး တနေ့တခြားပိုမို တိုးတက်ဖွံ့ဖြိုးလာမည်ဟုမြင်သည်။

၁၉။ ပြည်ထောင်စုကြီး၏ ကာကွယ်ရေးတာဝန်ကို ယူထားသော တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သော တစ်ခုတည်းသောတပ်ကို ပြည်ထောင်စုတပ်မတော်ဟု ခေါ်တွင်ပါက ပိုမိုမှန်ကန် သင့်လျော်မည်ဟု မြင်ပါသည်။

ဗဟိုကော်မတီ
ကချင်အထူးဒေသ - ၂ ၊ ကေအိုင်အို

ကာတွန်းအတွေး

Thursday, February 21, 2008

ဗမာပြည်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး၏ (အစီရင်ခံစာ) ၂၀၀၈ ခုနှစ်၊ ဖေဖော်ဝါရီလ

စစ်အစိုးရအခြေခံဥပဒေကို ထောက်ခံရန်နှင့် ကန့်ကွက်ရန်ဆိုသည့် စည်းရုံးလှုံ့ဆော်မှုများ (ဗွီအိုအေ)

21 February 2008

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတဲ့ကိစ္စမှာ
လူထုအနေနဲ့ မိမိတို့ရဲ့ဆန္ဒကို ထုတ်ဖော်ပြီး ကန့်ကွက်မဲတွေပေးကြဖို့ Generation
Wave မျိုးဆက်သစ်လူငယ်အစည်းအရုံးက လှုံ့ဆောင်မှုတွေလုပ်နေတာ တွေ့ရပါ
တယ်။ ဒီဆန္ဒခံယူပွဲကို လွတ်လပ်ပြီး မျှတမှုရှိဖို့အတွက် နိုင်ငံရေးအကျဉ်းသားတွေကို
လွှတ်ပေးဖို့၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်ပေးဖို့၊ နိုင်ငံတကာက စောင့်ကြည့်
လေ့လာခွင့်ပြုဖို့နဲ့ လူထုလေးစားသူတွေနဲ့ ဆန္ဒခံယူပွဲကော်မရှင် ဖွဲ့ဖို့ဆိုတာတွေကို
ဒီကနေ့ပဲ ဒီအဖွဲ့က ထုတ်ပြန်တောင်းဆိုပါတယ်။

လူထုအနေနဲ့ ဒီဆန္ဒခံယူပွဲမှာ စစ်အစိုးရရဲ့ဖွဲ့စည်းပုံကို ကန့်ကွက်ကြဖို့ဆိုတဲ့ လှုံ့ဆော်မှု
တွေ၊ စည်းရုံးမှုတွေကို ရန်ကုန် နေရာတော်တော်များများမှာ ပြုလုပ်လျက်ရှိတယ်လို့
လည်း သိရပါတယ်။ ဒီလုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီး GW မျိုးဆက်သစ်လူငယ်
အဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ကိုကျော်ကျော်ကို ဆက်သွယ်မေးမြန်းပြီး ကိုသားညွန့်ဦး
က တင်ပြထားပါတယ်။

“မေလထဲမှာ ကျင်းပပြုလုပ်မယ့် ပြည်သူ့ဆန္ဒခံယူပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ပြည်သူ့ဆန္ဒခံယူပွဲဖြစ်စေချင်တာ ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ပါ။ ဒီလိုမျိုးဖြစ်ဖို့ ကျနော်တို့တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေလည်း ရှိပါတယ်။ ဒီတောင်းဆိုချက်
တွေကိုလည်း နအဖအနေနဲ့ လိုက်လျောပေးမယ်လို့လည်း ကျနော်တို့ ထင်ပါတယ်”

ကိုကျော်ကျော်တို့ လာမယ့်လူထုဆန္ဒခံယူပွဲကို ဘာတွေဖြစ်သင့်တယ်ဆိုတာကို အခု တောင်းဆိုထားတဲ့အခါကျတော့ ဒီဆန္ဒခံယူပွဲကို လက်ခံတယ်ဆိုတဲ့ သဘောလား၊ ဘယ်လိုသဘောလဲခင်ဗျ။

“အမှန်ကတော့ မူဝါဒဆိုတာ အပေါ်ယံအလွှာအနေနဲ့ ဖြစ်တည်နေတာ ဖြစ်ပါတယ်။ ဒီပြည်သူ့ဆန္ဒခံယူပွဲဟာ စစ်အစိုးရရဲ့ မူဝါဒလမ်းစဉ် ၇ ရပ်က ဖြစ်ပေါ် လာတယ်ဆိုတာ
ကိုလည်း ကျနော်တို့နားလည်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်တာက လက်တွေ့လုပ်ငန်းစဉ်ပါ။ ဒီရှေ့တန်းစစ်မျက်နှာသဖွယ်ဖြစ်နေတဲ့ လက်တွေ့လုပ်ငန်း
စဉ်ကိုမှ ကျနော်တို့က တပ်လန်သွားအောင် မတိုက်နိုင်ဘူးဆိုရင် မူဝါဒကိုတိုက်ရာ
မရောက်ပါဘူး။ ဒီတော့ စစ်အစိုးရရဲ့ မူဝါဒကို အလဲဖြိုပစ်ချင်တယ်ဆိုရင်တော့ သူ့ရဲ့
အခြေခံကိုယ်ထည်ဖြစ်တဲ့ လက်တွေ့လုပ်ငန်းစဉ်ကို ကျနော်တို့ တဆင့်ပြီးတဆင့် ဖြိုဖျက်သွားမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထုတ်တာဖြစ်ပါတယ်”

အခု ကိုကျော်ကျော်တို့က ဒီဆန္ဒခံယူပွဲကို လူတွေသွားပြီး မဲထည့်ကြဖို့ ပြောနေတယ်
ဆိုတော့ အခြား ပြည်တွင်း လူငယ်ကျောင်းသားတွေထဲမှာရော အမြင်မတူတာမျိုး
ရှိလား၊ ဘယ်လိုသဘောထားတွေ ရှိကြလဲခင်ဗျ။

“အခု ပြည်တွင်းမှာ referendum အပေါ် အခြားအမြင်ရှိနေသူတွေလည်း အများကြီး
ရှိပါတယ်။ ကျနော်တို့တွေ ညှိနှိုင်းတိုင်ပင်ထားတာတွေလည်း အများကြီးပါပဲ။ ဒီအခြေ
အနေမှာ ပထမဦးဆုံး အရေးကြီးတဲ့အချက်အနေနဲ့က ပြည်သူတရပ်လုံး ပူးပေါင်းပါဝင်
နိုင်မှုရှိမရှိကို ကျနော်တို့ အဓိက ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ ကျနော်တို့ရွေးချယ်တဲ့
နည်းလမ်းအရ ပြည်သူတွေ ထိခိုက်မှုမရှိဘဲ မိမိတို့ရဲ့ဆန္ဒကို မိမိတို့ လွယ်ကူစွာ၊
လွတ်လပ်စွာနဲ့ ထုတ်ဖော်နိုင်မယ်လို့ ကျနော်တို့ ရည်ရွယ်တဲ့အတွက်ကြောင့်လည်း
ကျနော်တို့ ဒီလုပ်ရပ်ကို လုပ်ရခြင်းဖြစ်ပါတယ်”

တကယ်တမ်း လူထုဆန္ဒခံယူပွဲက မြန်မာစစ်အစိုးရအနေနဲ့ မဲရုံနဲ့လုပ်မယ်လို့ ယူဆ
ရလား၊ ဒါမှမဟုတ် အရင်တုန်းကလို သူတို့အင်အားတွေသုံးပြီးတော့ လူထုဆန္ဒခံယူပွဲ
ပုံစံမျိုး လုပ်မယ်လို့ ယူဆရလား၊ ဘယ်လို ကိုကျော်ကျော်တို့ ယူဆထားလဲ၊ သူတို့
လုပ်မယ့်ပုံစံကို။

“အခုလက်ရှိ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ၊ အခုလက်ရှိ တိုင်းပြည်ထဲမှာ ဖြစ်ပေါ်နေ
တဲ့ အငြင်းပွားမှုတွေ၊ ဒီဟာတွေအားလုံးကို ခြုံကြည့်လိုက်မယ်ဆိုရင်တော့ မဲရုံနဲ့ ဆန္ဒ
ခံယူပွဲကိုသာ လုပ်မှ နိုင်ငံတကာ အပါအ၀င် ပြည်သူတရပ်လုံးက ကျေနပ်ကြလိမ့်မယ်
လို့ ကျနော်တို့ယူဆပါတယ်။ အကယ်၍သာ ဘောလုံးကွင်းထဲမှာလုပ်တဲ့ ပြည်သူ့ဆန္ဒ
ခံယူပွဲမျိုးလုပ်မယ်ဆိုရင်တော့ ကျနော်တို့လည်း အပြင်းအထန်ကန့်ကွက်ရပါလိမ့်မယ်”

အခု မဲရုံနဲ့ ဆန္ဒခံယူပွဲလုပ်မယ်၊ ဆန္ဒကောက်ခံမယ်ဆိုရင်ရော တကယ်တမ်း
လွတ်လပ်ပြီး မျှတတဲ့ ဆန္ဒခံယူပွဲ ဖြစ်လာမယ်လို့ ယူဆရလား။

“အခုလက်ရှိ အခြေအနေမှာတော့ နအဖစစ်အစိုးရအနေနဲ့ ၅/၉၆ ကိုလည်း မပစ်ပယ် ထားသေးပါဘူး။ ဒီ့အတွက်ကြောင့် ကျနော်တို့မှာ ဝေဖန်ပိုင်ခွင့်တွေလည်း ဘာမှမရှိပါ
ဘူး။ လွတ်လပ်စွာစည်းရုံးပိုင်ခွင့်တွေလည်း ဘာမှမရှိပါဘူး။ ဒီလို အခြေခံကျတဲ့ အချက်အလက်တွေကို ကျနော်တို့က ပထမဦး တောင်းဆိုထားတာဖြစ်ပါတယ်။
ဒီတောင်းဆိုထားတဲ့ တောင်းဆိုချက်တွေသာ ရရှိခဲ့မယ်ဆိုရင် ကျနော်တို့အနေနဲ့
လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်၊ လွတ်လပ်စွာ ဟောပြောပိုင်ခွင့်၊ မိမိရဲ့ဆန္ဒ၊ မိမိရဲ့သဘော
ထားကို လွတ်လပ်စွာ ရေးသားထုတ်ဝေပိုင်ခွင့် ဒါတွေရလာမှာဖြစ်ပါတယ်။ ဒီလိုမျိုး
အခြေခံကျတဲ့ လူ့အခွင့်အရေး အချက်အလက်တွေကို နအဖအစိုးရအနေနဲ့ ပထမဦး
ဆုံးအဖြစ် ပေးသင့်ပါတယ်။ ဒီလိုမျိုး အခြေခံကျတဲ့ လူ့အခွင့်အရေး အချက်အလက်
တွေတောင် မပေးနိုင်ဘူးဆိုရင်တော့ referendum ကို ကျနော်တို့လည်း ဆန့်ကျင်
သွားရမှာ ဖြစ်ပါတယ်”

Generation Wave မျိုးဆက်သစ်လူငယ်အဖွဲ့က ကိုကျော်ကျော် ပြောသွားတာပါ။
Generation Wave အဖွဲ့ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလှုပ်ရှားမှုနောက်ပိုင်း လူငယ်
ကျောင်းသားတွေနဲ့ စုဖွဲ့ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

အခုလိုမျိုး စစ်အစိုးရရဲ့ ဆန္ဒခံယူပွဲကို မဲထည့်ကြဖို့ ပြောနေတဲ့အထဲမှာ အခုလို ဖွဲ့စည်း
ပုံကို ဆန့်ကျင်တဲ့အဖွဲ့ ရှိသလိုပဲ ဒီဖွဲ့စည်းပုံကို ထောက်ခံဖို့ လှုံ့ဆော်နေတဲ့လူတွေလည်း
ရှိပါတယ်။ အကြောင်းစုံကို ကိုအောင်လွင်ဦးက ဆက်လက်တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရကိုလိုလားတဲ့ အုပ်စုတခုဖြစ်ပြီး တချိန်က ၈၈ နိုင်ငံရေးလှုပ်ရှားမှုတွေ
မှာ ပါဝင်ခဲ့ဖူးပါတယ်ဆိုတဲ့ ကိုအေးလွင်ခေါင်းဆောင်တဲ့အဖွဲ့က မြန်မာစစ်အစိုးရက မကြာခင်လုပ်မယ့် လူထုဆန္ဒခံယူပွဲတွေကို ထောက်ခံကြဖို့ လှုံ့ဆော်မှုတွေကို အာဏာ
ပိုင်တွေရဲ့ အကာအကွယ်တွေအောက်မှာ ဆောင်ရွက်နေတာလို့ ရန်ကုန်မြို့ခံတချို့က ပြောပြကြတာပါ။ ဒီလိုလှုံ့ဆော် လှုပ်ရှားမှုတွေ လုပ်နေတဲ့အထဲက ရန်ကုန်တိုင်း
အင်းစိန်မြို့နယ် ဖော့ကန်မှာ ဒီကနေ့ ကိုယ်တွေ့မျက်မြင် ကြုံခဲ့ရသူတဦးကတော့ သူ့
အတွေ့အကြုံကို အခုလို ပြန်ပြောပြပါတယ်။

“စာရွက်တွေလိုက်ကမ်းနေတာကို တွေ့ခဲ့ရတာပေါ့။ စာရွက်က သုံးရွက်၊ စာမျက်နှာ
ခြောက်မျက်နှာ။ ဝေတဲ့လူတွေကတော့ အဖြူနဲ့အစိမ်းဝတ်ထားတာပေါ့။ အမှတ်တမဲ့
ကြည့်ရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအရောင်ပေါ့။ အဲဒီအရောင်တွေနဲ့ လိုက်ဝေတယ်။ ဘာမှ
တော့ သူတို့က သိပ်မပြောဘူး၊ ဒီတိုင်းပဲဝေတာပဲ။ အကုန်လုံးကို လိုက်ဝေသွားတာပဲ။
အသက် ၂၅ ကနေ ၃၀ ပတ်ဝန်းကျင်တွေပေါ့။ သူတို့ဝေတော့ ဘေးပတ်ဝန်းကျင်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့၊ စွမ်းအားရှင်တို့၊ နယ်ထိန်းအဖွဲ့တို့၊ ရဲအဖွဲ့တို့လိုလူတွေ သူတို့တွေက
ဘေးနားကနေ လိုက်ပြီးစောင့်ရှောက်နေတဲ့ပုံစံမျိုးကြီး။ အဲလိုမျိုး အရပ်ဝတ်နဲ့ လိုက်ပြီး စောင့်ရှောက်တဲ့ပုံစံမျိုးနဲ့ အနားမှာ ရစ်သီရစ်သီ တွေ့တာပေါ့”

ဒီလိုဖြန့်ချိနေတဲ့စာတွေထဲမှာ အစိုးရရဲ့လုပ်ရပ်တွေကို ထောက်ခံခိုင်းရုံသာမက
ဆန့်ကျင်သူ အတိုက်အခံတွေကိုလည်း သတင်းပေးဖော်ထုတ်ဦးမယ်ဆိုပြီး သတိပေး ပြောဆိုလိုက်တယ်လို့လည်း သူက ပြောပါသေးတယ်။

“အဲဒီမှာရေးထားတာက ဖွဲ့စည်းပုံအခြေခံဥပဒေ အတည်ပြုပြဋ္ဌာန်းနိုင်ရေးကို ဆန့်ကျင်
သူများနှင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး အလွဲသုံးစားပြုနေသည့် နိုင်ငံရေးအချောင်
သမားများအား ဖော်ထုတ်၍ ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်သည့် လှုပ်ရှားမှု
ကို ပြည်သူလူထုနှင့်အတူ လက်တွဲ၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်သွားမည်
ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်ဆိုပြီး ရေးထားတယ်”

အခုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ -
မြန်မာနိုင်ငံလို့ အမည်ပေးထားတဲ့အဖွဲ့ကို ဦးဆောင်တဲ့ ကိုအေးလွင်ဟာ မြန်မာ
စစ်အစိုးရကို လိုလားသူတဦးဖြစ်သလို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့
လုပ်ရပ်တွေကို မကြာခဏဆိုသလို ဆန့်ကျင်လေ့ရှိသူဖြစ်တာမို့ အာဏာပိုင်တွေရဲ့
အကာအကွယ် ရရှိထားသူတဦးလို့လည်း အများက ယုံကြည်ထားသူတဦး ဖြစ်ပါတယ်။

ဒီလို အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ထောက်ခံဖို့၊ အတိုက်အခံတွေရဲ့ ဆောင်ရွက်
ချက်တွေကို ချေမှုန်းဖို့ သတိပေးပြောဆိုပေမယ့်လည်း ကုလသမဂ္ဂလို နိုင်ငံတကာ
အသိုင်းအ၀ိုင်း ဒီမိုကရေစီအင်အားစုတွေက ပြောဆိုနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့လို၊ နိုင်ငံရေးအရ အခြေခံပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဆိုတာမျိုးတွေ
တော့ မပါဝင်ဘူးလို့လည်း ဒီစာကို ကိုယ်တွေ့မျက်မြင်လက်ခံရရှိသူက ပြောပါသေး
တယ်။

အမေရိကန်ထောက်လှမ်းရေး ဂြိုဟ်တုဟောင်း အာကာသထဲ ပစ်ချ (ဗွီအိုအေ)

21 February 2008


အမေရိကန်ပြည်ထောင်စုက လွှတ်တင်ထား
တဲ့ ဂြိုဟ်တုတလုံးဟာ ကမ္ဘာမြေပြင်ကနေ ထိန်းသိမ်းပဲ့ကိုင်လို့မရတော့ဘဲ အာကာသ
ထဲက ကမ္ဘာပတ်လမ်းကြောင်းအတိုင်း ပြန်လည်ဆင်းသက်လာနေပါတယ်။ ဒီဂြိုဟ်
တုရဲ့ လောင်စာဆီတိုင်ကီဟာ ဓာတုဗေဒ အဆိပ်အတောက်တွေ ပါရှိနေတဲ့အတွက်
မနေ့က ဒီဂြိုဟ်တုကို ပစိဖိတ်သမုဒ္ဒရာထဲက
အမေရိကန် ရေတပ်သင်္ဘောတစင်းပေါ်က
နေ ရေပြင်က ဝေဟင်ပစ်ဒုံးကျည်တစင်းနဲ့
ပစ်ချနိုင်ခဲ့ပါတယ်။ ဗွီအိုအေသတင်းထောက် မိုက်အိုဆူလီဗန် (Mike O'Sullivan)
လော့စ်အိန်ဂျလိစ်မြို့က သတင်းပေးပို့ထားတာကို ကိုရော်နီငြိမ်းက တင်ပြပေးထားပါ
တယ်။

ဒီဂြိုဟ်တုရဲ့ လောင်စာဆီတိုင်ကီ ကမ္ဘာမြေပြင်ပေါ် ပြန်ကျလာရင် ဓာတုဗေဒ အဆိပ် အတောက်တွေဟာ အန္တရာယ်ရှိနေတဲ့အတွက် ထိန်းသိမ်းလို့မရတော့တဲ့ ဒီဂြိုဟ်တုကို အမေရိကန်ရေတပ်ကနေပစ်ချဖို့ သမ္မတဘုရှ်က ပြီးခဲ့တဲ့သီတင်းပတ်က အမိန့်ပေးခဲ့
တာပါ။

အမေရိကန်ရေတပ်ဟာ ဒီဂြိုဟ်တုကိုပစ်ချဖို့ ရေပြင်က ဝေဟင်ပစ် ဒုံးကျည်သုံးစင်းကို ပြင်ဆင်ထားခဲ့ပြီး ပထမဆုံးပစ်လိုက်တဲ့ ဒုံးကျည်နဲ့ပဲ ဒီကနေ့မနက် မြန်မာစံတော်ချိန်
၁၀ နာရီလောက်မှာ ဒီဂြိုဟ်တုကို ထိမှန်အောင် ပစ်ချနိုင်ခဲ့တာပါ။ ရေပြင်၊ ဝေဟင်နဲ့
အာကာသထဲက အမေရိကန်စစ်တပ်ရဲ့ ကြားဖြတ်စောင့်ကြည့်မှု စနစ်တွေကနေ
ဒီပစ်ချမှုဟာ ဂြိုဟ်တုကို အောင်မြင်စွာ ထိမှန်ခဲ့တယ်လို့ အတည်ပြုခဲ့ကြတဲ့အကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ဆိုပါတယ်။

National Reconnaissance Office satellite လို့ခေါ်တဲ့ ဒီဂြိုဟ်တုကို လွန်ခဲ့တဲ့ ၁၄ လက လွှတ်တင်ခဲ့တာဖြစ်ပြီး လွှတ်တင်ပြီး သိပ်မကြာခင်မှာဘဲ ဒီဂြိုဟ်တုဟာ ကမ္ဘာမြေပြင်က ထိန်းသိမ်းရေးစခန်းနဲ့ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့ပါတယ်။ ဒီဂြိုဟ်တုကို ကမ္ဘာ
မြေပြင်ကနေ ထိန်းကျောင်းလို့မရတော့ဘဲ တဖြည်းဖြည်းနဲ့ အောက်ကိုပြန်ကျလာနေ
တာ ဖြစ်ပါတယ်။ ဟိုက်ဒြာဇင်း (hydrazine) လို့ခေါ်တဲ့ အလေးချိန် ၄၅၀ ကီလိုဂရန်ရှိ
တဲ့ ဓာတုဗေဒ အဆိပ်အတောက်တွေ ဒီဂြိုဟ်တုရဲ့ လောင်စာဆီတိုင်ကီမှာ ပါရှိနေပါ
တယ်။ ဒီလောင်စာဆီတိုင်ကီ ကမ္ဘာမြေပြင်ကို ပြန်မကျလာနိုင်အောင် အဓိကရည်ရွယ်
ချက်နဲ့ ဒီဂြိုဟ်တုကို ပစ်ချခဲ့တာ ဖြစ်ပါတယ်။ ပစ်ချပြီး ၂၄ နာရီအတွင်း ဒီလောင်စာဆီ
တိုင်ကီ ပျက်စီးပြီး တစစီဖြစ်သွားပြီလားဆိုတာကို အတည်ပြုနိုင်လိမ့်မယ်လို့ အမေ
ရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

ပစ်ချခံရတဲ့ ဂြိုဟ်တုရဲ့ အပိုင်းအစတွေဟာ ကမ္ဘာမြေပြင်ပေါ်က အာကာသထဲကို
ချက်ချင်းပဲ ကျရောက်လာပြီး အပိုင်းအစအများစုဟာ ၂၄ နာရီနဲ့ ၄၈ နာရီအတွင်း လောင်ကျွမ်းပျက်စီးသွားမယ်၊ ကျန်တဲ့အပိုင်းအစတွေကတော့ ရက် ၄၀ လောက်
အကြာမှာ ကမ္ဘာပတ်လမ်းကြောင်းထဲ ပြန်ဝင်လာလိမ့်မယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က
ပြောပါတယ်။

ဟာဝိုင်အီကျွန်း ဟိုနိုလူလူမြို့ ဟစ်ခမ်း အမေရိကန် လေတပ်စခန်းကနေ ရေတပ်
ဗိုလ်ချုပ်ကြီး တင်မ် ကိတင်း (Tim Keating) က ဒီဂြိုဟ်တုရဲ့ အပိုင်းအစတွေကို အနီး
ကပ် စောင့်ကြည့်နေပါတယ်လို့ အခုလိုပြောကြားသွားပါတယ်။

“ဒီဂြိုဟ်တုအပိုင်းအစတွေကို စောင့်ကြည့်ဖို့ အဖွဲ့တွေဖွဲ့ပြီး နေရာအတော်များများမှာ
ကျနော်တို့ ပို့ထားပါတယ်။ ခင်ဗျားတို့ သိချင်လည်းသိမယ်၊ မသိချင်လည်း မသိဘူး။
တချို့အဖွဲ့တွေက ပစိဖိတ်သမုဒ္ဒရာထဲမှာ ရှိနေတယ်။ တချို့အဖွဲ့တွေက တိုင်းပြည်ထဲက တခြားဒေသတွေမှာ ရှိနေတယ်။ ဒုံးကျည်ရဲ့ဖျက်ဆီးတာကို မခံရတဲ့ ဂြိုဟ်တုရဲ့ တချို့
အပိုင်းအစတွေ ကမ္ဘာမြေပြင်ပေါ်ကိုကျလာရင် အကူအညီတွေပေးနိုင်ဖို့လည်း ဒီအဖွဲ့
တွေက အဆင်သင့်ဖြစ်နေကြတာပါ။ ဟိုက်ဒြာဇင်း ဓာတုဗေဒအဆိပ်တွေပါတဲ့
လောင်စာတိုင်ကီကို ကျနော်တို့ ပစ်ချခဲ့ပြီးပြီဆိုတော့ ဒီလောင်စာတိုင်ကီ ကမ္ဘာမြေပြင်
ပေါ် ကျလာမယ်လို့တော့ ကျနော်တို့ မထင်ပါဘူး”

အဆင့်သုံးဆင့်နဲ့ပေါက်ကွဲတဲ့ Standard Missile-3 (SM-3) ဒုံးကျည်ကို ပစိဖိတ်သမုဒ္ဒရာ
ဟာဝိုင်အီကျွန်းရဲ့ အနောက်ဘက်ကမ်းခြေမှာရှိတဲ့ အမေရိကန်ရေတပ်ရဲ့ အေးဂျစ်စ်
အမျိုးအစား ယူအက်စ်အက်စ် လိက်က် အေရီ (USS Lake Erie) စစ်ရေယာဉ်ပေါ်ကနေ ပစ်လွှတ်လိုက်တာပါ။ ပစ်လွှတ်ပြီး ၃ မိနစ်အကြာမှာပဲ ဒီဂြိုဟ်တုကို ကမ္ဘာမြေပြင်ရဲ့
အထက် ၂၄၇ ကီလိုမီတာအကွာမှာ ဒုံးကျည်ထိမှန်ခဲ့တာပါ။

အခုပစ်လွှတ်ခဲ့တဲ့ SM-3 ဒုံးကျည်ဟာ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ ဒုံးပျံကာကွယ်ရေးစနစ်
ထဲမှာ သုံးမယ့်ဒုံးကျည် ဖြစ်ပါတယ်။ ရန်သူကပစ်လွှတ်လိုက်တဲ့ တိုက်ချင်းပစ်ဒုံးပျံတွေ
ကို SM-3 ဒုံးကျည်နဲ့ ကြားဖြတ်ပစ်ချဖို့ ရည်ရွယ်ထားတာဖြစ်ပြီး တကယ်တမ်းမှာ အခု
လို ဂြိုဟ်တုတွေကို ပစ်ချဖို့မဟုတ်ပါဘူး။ အခုဂြိုဟ်တုကို ပစ်ချနိုင်ဖို့အတွက် SM-3
ဒုံးကျည်ရဲ့ ပစ်မှတ်ရှာစနစ်ကို ပြုပြင်မွမ်းမံခဲ့ရပါတယ်။

အခုလို အမေရိကန်ရေတပ်က အန္တရာယ်ရှိနေတဲ့ဂြိုဟ်တုကို ပစ်ချလိုက်တာကို တရုတ်
နဲ့ ရုရှားတို့က ဒါဟာ အာကာသလုံခြုံရေးကို ထိခိုက်လိမ့်မယ်ဆိုပြီး ပြစ်တင်ကန့်ကွက်
လိုက်ပါတယ်။ မနှစ်က တရုတ်နိုင်ငံက လွှတ်တင်ထားတဲ့ ဂြိုဟ်တုတွေထဲက တလုံးကို
တရုတ်က ကြိုတင်မကြေညာဘဲ ဒုံးကျည်တစင်းနဲ့ ပစ်ချခဲ့တာကို အမေရိကန်ပြည်
ထောင်စုနဲ့ တခြားနိုင်ငံတွေက ဝေဖန်အပြစ်တင်ခဲ့ကြပါတယ်။

တရုတ်ဟာ ဂြိုဟ်တုပစ်ချတဲ့လက်နက်ကို စမ်းသပ်နေတယ်လို့ အမေရိကန်က ပြော
ကြားခဲ့ပါတယ်။ အခု အမေရိကန်ဂြိုဟ်တုကို အမေရိကန်က ပြန်ပြီးပစ်ချခဲ့တာကတော့
ဒီဂြိုဟ်တုဟာ ထိန်းလို့မရတော့ဘဲ ကမ္ဘာပတ်လမ်းကြောင်းထဲက အနိမ့်ဆုံး
လမ်းကြောင်းထဲကို ၀င်ရောက်လာနေတဲ့အတွက် ပစ်ချခဲ့တာဖြစ်တယ်၊ ဂြိုဟ်တုပစ်ချ
တဲ့လက်နက် စမ်းသပ်နေတာမဟုတ်ဘူးလို့ ပင်တဂွန်စစ်ဌာနချုပ်က အမေရိကန်
အရာရှိတွေက ပြောကြားသွားပါတယ်။

လက်ဆောင်

မျော်လေဝေးဝေး
ရွှေပြည်တော်ကို
"ခဏခဏ" ပေါ့
အိမ်မက်ထဲမှာ ပြန်ခဲ့ပေမယ့်...

ကျွန်တော်ကို
မြေခွေးတွေ၊ ကျားရဲတွေ
ငရဲသားတွေက
ရန်လိုအကြည့်နဲ့ ၀ိုင်းနေတယ်...

နိုင်ငံရေး မလုပ်ပါနဲ့
အဖေ၊ အမေ၊ ညီအကိုမောင်နှမတွေ
တားတဲ့ကြားက
ကျွန်တော် ယုံကြည်စိတ်နဲ့
ရွေးချယ်ခဲ့...

လူတွေက ကျွန်တော်ကို
" သူပုန်တဲ့ " ဟုတ်ကဲ့
ကျွန်တော် ၀မ်းမြောက်စွာနဲ့ ခံယူရင်း
မနက်တိုင်း မနက်တိုင်း
ကျွန်တော့်အတွက် တိုက်ပွဲတွေကအသင့်....

အမေ.................
ကျွန်တော်ကို ခွင့်လွှတ်ပါ
ကျွန်တော့် လက်ဆောင်က
အမေ့အတွက်
" မျက်ရည်တွေ " တွေပါ အမေရယ်..................

အဝေးက အမေ့အတွက် အမှတ်တရ (ခိုင်ခန့်)

စိတ်များ

အခန်းကကျဉ်းကျဉ်း
အလင်းရောင်ကမှိန်မှိန်
အေးစက်စက်ကြမ်းပြင်
စိုစွတ်တဲ့ အထိအတွေ့နဲ့
အမှန်တရားဟာ ပုံပြင်
ငါ့ကိုချော့သိပ်ပါ
ဒုက္ခကို တေးသီရင်းပေါ့

သံတိုင်တွေကြားက မြင်ကွင်း
ဘ၀ဆိုတဲ့ရထားကို
ထပ်တလဲလဲ စီးနင်း
မသေထမင်း အာစွတ်ရုံရေနဲ့
မပြောင်းလဲတဲ့ အဖြစ်က
နေ့တိုင်းနေ့တိုင်း.........

နေ့စဉ်အိမ်မက်များထဲမှာ
တော်လှန်ရေး
လည်ပတ်နေတဲ့သွေးတွေထဲမှာ
ယုံကြည်ခြင်း
မျော်လင့်ချက် အလင်းရောင်အောက်မှာ
ရှင်သန်ခြင်း
" ဒါပေမယ့်" ဥပဒေ အဆုံးအဖြတ်က
ဘ၀ကို သေမိန့်ပေးထားခဲ့ပေါ့


စစ်အာဏာရှင်များအား ဆန့်ကျင်၍ နှစ်ရှည်လများ အကျဉ်းကျနေသော၊ ယနေ့တိုင် ရောက်ရာဒေသမှ တိုက်ပွဲဝင်နေကြသော
နိုင်ငံရေးလှုပ်ရှားနေသည့် ညီအကို ရဲဘော်များအား ရည်စူးရေးသားသည်။

(ဆူးသစ်)

စစ်အစိုးရ၏ ရွေးကောက်ပွဲ မွန်ပြည်သစ်ပါတီက လက်မခံ (ဗွီအိုအေ)

မြန်မာစစ်အစိုးရရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒခံယူမယ်၊ ရွေးကောက်ပွဲလုပ်
မယ်ဆိုတဲ့ ကြေညာချက်အပေါ် မြန်မာအစိုးရနဲ့အပစ်အခတ်ရပ်စဲရေးယူထားတဲ့ မွန်ပြည်သစ်ပါတီကတော့ လက်မခံ ပယ်ချလိုက်ပါတယ်။ ဒီအတွက်ကြောင့် စစ်အစိုးရ
ဖက်က ဖိအားပေးလာမယ်ဆိုရင်တော့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ပျက်ပြယ်မယ့်အလားအလာ သူတို့ဖက်က စဉ်းစားထားတယ်လို့ မွန်ပြည်သစ်ပါတီ ပြောခွင့်ဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီကို
ဦးသားညွှန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ ဖွဲ့စည်းပုံရေးဆွဲရေး ညီလာခံကို မတတ်ရောက်ဘဲ နုတ်ထွက် ခဲ့တာကြောင့် ဒီညီလာခံရဲ့နောက်ဆက်တွဲဖြစ်တဲ့ လူထုဆန္ဒခံယူပွဲနဲ့ လာမယ့် ရွေး
ကောက်ပွဲ ကြေညာချက်တွေကို လက်မခံတာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီပြောခွင့်
ရသူ နိုင်အောင်မငဲက အခုလိုပြောပါတယ်။

“SPDC က ကြေညာထားတဲ့ကိစ္စဟာ အမျိုးသားညီလာခံရဲ့ နောက်ဆက်တွဲဖြစ်တယ်။
ကျွန်တော်တို့က အမျိုးသားညီလာခံကနေ နုတ်ထွက်တဲ့ အဖွဲ့အစည်းတခု ဖြစ်တဲ့
အတွက်ကြောင့် ဒီအမျိုးသားညီလာခံရဲ့ ရလဒ်အပေါ်မှာ ကျွန်တော်တို့ ဘာမှ ပါဝင်
မပတ်သက်ဘူး။ ဆက်ဆံမှုမရှိဘူး။ ပြီးတော့ ထောက်လည်း မထောက်ခံပါဘူး
ခင်ဗျာ။”

မြန်မာစစ်အစိုးရ တာဝန်ရှိသူတွေကတော့ ပြီးခဲ့တဲ့လတွေက ဖွဲ့စည်းပုံအခြေခံဥပဒေ
အတည်ဖြစ်သွားပြီဆိုလို့ရှိရင် အပစ်အခတ်ရပ်ဆဲရေး ရယူထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဥပဒေဘောင်ဝင်ရမယ်၊ လက်နက်စွန့်ရမယ်ဆိုတဲ့ သဘောထား
မျိုး ပြောနေပါတယ်။ ဒီလိုမျိုး လက်နက် ဖြုတ်ခိုင်းမယ်ဆိုရင်လည်း မွန်ပြည်သစ်ပါတီ
က သဘောထား ဘယ်လိုရှိပါသလဲခင်ဗျ။

“သူတို့က အတင်းအဓ္ဓမ အင်အားသုံးပြီးတော့ လက်နက်ဖြုတ်ခိုင်းတယ်။ ပါတီကို
ဖြတ်ခိုင်းတယ်။ ကျွန်တော်တို့ တပ်နဲ့ ပါတီကို တသီးတခြားဖြစ်အောင်လုပ်မယ်ဆိုရင်
နိုင်ငံရေးဦးတည်ချက်အရ ကျွန်တော်တို့ ကာကွယ်ရမယ့် အခြေခံမူပဲဖြစ်ပါတယ်။”

မြန်မာစစ်အစိုးရက သူတို့လုပ်နေတဲ့ နိုင်ငံရေး လမ်းညွှန်မြေပုံဟာဆိုရင် အခုဆိုရင်
စတုတ္ထအဆင့်ကို ရောက်သွားပါပြီ။ ဒါကို မွန်ပြည်သစ်ပါတီအနေနဲ့ လက်မခံနိုင်ဘူးဆို
ရင် တခြား ဘယ်လိုနည်းနဲ့ လုပ်စေချင်ပါသလဲ။ နိုင်ငံရေး အပြောင်းအလဲဖြစ်အောင်
ဘယ်လို အကြံပြုချင်လဲခင်ဗျ။

“ကျွန်တော်တို့ ရည်မှန်းချက်နဲ့ SPDC ချထားတဲ့ လမ်းကြောင်းနဲ့က တလွဲစီဖြစ်နေတယ်
လေ။ အဲဒီလို လွဲနေတဲ့လမ်းကြောင်းလဲ ကျွန်တော်တို့ မလိုက်နိုင်ပါဘူး။ ကျွန်တော်တို့
ချမှတ်ထားတဲ့ နိုင်ငံရေးပေါ်လစီက တွေ့ဆုံဆွေးနွေးရေးတခုပဲ။ တွေ့ဆုံဆွေးနွေးပြီး
တော့ပဲ ဖြေရှင်းချင်တယ်။ ဖြေရှင်းပေးဖြစ်အောင်လဲ အပစ်အခတ်ရပ်စဲပြီးကတည်းက တစိုက်မတ်မတ် ကြိုးစားခဲ့တယ်။ အမျိုးသားညီလာခံမှာလည်း တက်ရောက် အကြံပြု ဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ အမျိုးသားညီလာခံမှာ တက်ရောက်ခဲ့တဲ့အခါမှာ အမျိုးသား
ညီလာခံရဲ့ ရလဒ်ဟာ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက်ရော၊ ဒီမိုကရေစီနိုင်ငံတခု ပေါ်ထွန်းဖို့အတွက်ရော အလှမ်းဝေးနေတဲ့ အတွက်ကြောင့်မို့ အမျိုးသားညီလာခံကနေပြီးတော့ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက် ထုတ်နိုင်လိမ့်မယ်လို့
မယုံကြည်တဲ့အတွက်ကြောင့် အမျိုးသားညီလာခံက ထွက်လာခဲ့တယ်။ ကျွန်တော်တို့ ရည်မှန်းချက်အတိုင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဆက်ပြီးတော့
ကြိုးစားသွားမယ်။ ပြည်သူတွေကို ကျွန်တော်တို့ ပြောမယ်။ တွေ့ဆုံဆွေးနွေးရေးသာ
လျှင် မြန်မာပြည်အတွက် ကောင်းသော ထွက်ပေါက်တခု ဖြစ်တယ်ဆိုတဲ့အကြောင်း
ဆက်ပြီးတော့ ရှင်းပြမယ်။ ဒီအဖြေကလွဲပြီး တခြားအဖြေနဲ့ ဘယ်လိုပဲ လုပ်လုပ်၊
တဇွတ်ထိုးပဲလုပ်လုပ် ဖြေရှင်းမပေးနိုင်ဘူး။ ကျွန်တော်တို့လည်း မယုံကြည်ဘူး။ ”

အခုက သုံးပွင့်ဆိုင်တော့ မဟုတ်သေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်
တို့ တွေ့ဆုံနေတာတော့ ရှိပါတယ်။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်သစ်ပါတီ
က ဘယ်လောက်ထိ မျှော်လင့်ထားပါလဲ။

“၂ /၂၀၀၈ ထွက်ပြီးကတည်းက ဒီတွေ့ဆုံမှုတွေဟာ အလကားဖြစ်သွားပြီလို့ ကျနော်
မြင်တယ်။ ဘာမှ အရာမထင်ဘူးလို့လည်း ကျွန်တော် ယုံကြည်တယ်။ ဒီတွေ့ဆုံမှုက
တကယ့် စစ်မှန်တဲ့ တွေ့ဆုံမှု အစစ်အမှန် မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။”

ဒါဆိုလို့ရှိရင် မွန်ပြည်သစ်ပါတီအနေနဲ့ စစ်အစိုးရရဲ့ နိုင်ငံရေး လမ်းပြမြေပုံကို ဒီ
အတိုင်းဆို လက်မခံနိုင်ဘူးဆိုတော့ အပစ်အခတ်ရပ်စဲရေးရယူထားတဲ့ သဘော
တူညီချက်ကရော နောက်ပိုင်း ပြတ်မလာနိုင်ဘူးလား။

“သဘာဝအရတော့ ရှိမယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားညီလာခံ
က နုတ်ထွက်ပြီးနောက်ပိုင်း တစတစ ဖိအားပေးမှုရှိခဲ့တယ်။ စီးပွားရေး အခွင့်အရေး
တွေ တစတစ ဖြတ်တောက်ခံနေရတာကို ကြည့်ချင်းအားဖြင့် နောက်ဆုံးတော့
ပြတ်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ကိုင်တွယ်ပုံ ကိုင်တွယ်နည်းမှာမူတည်ပါတယ်။ ကျနော်တို့ကတော့ စပြီးဖျက်မှာ မဟုတ်ဘူး။”

မွန်ပြည်သစ်ပါတီက ပြောခွင့်ရသူ နိုင်အောင်မငဲပြောခဲ့တာပါ။ မွန်ပြည်သစ်ပါတီဟာ မြန်မာစစ်အစိုးရနဲ့ ၁၉၉၅ ခုနှစ်ကတည်းက အပစ်အခတ်ရပ်စဲရေးယူခဲ့တာပါ။
အမျိုးသားညီလာခံ ကနဦးပိုင်းကိုလည်း တက်ရောက်ခဲ့ပါတယ်။ ဒါပေမယ့်
နောက်ပိုင်းမှာတော့ ကိုယ်စားလှယ်အဆင့်ကနေ လေ့လာသူအဆင့်အထိ
မွန်ပြည်သစ်ပါတီဖက်က လျှော့ချခဲ့တာပါ။ နောက်ပိုင်းတော့ မြန်မာစစ်အစိုးရနဲ့ နိုင်ငံရေးတင်းမာမှုတွေ ရှိလာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်ပါတယ်

ရွေးကောက်ပွဲမှာ ဒေါ်စု မပါဝင်ကြောင်း စစ်အစိုးရ ဆုံးဖြတ်ချက် အာဆီယံစိုးရိမ် (ဗွီအိုအေ)

လာမယ့် ၂၀၁၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်ခွင့်မပေးဖို့ မြန်မာစစ်အစိုးရက ဆုံးဖြတ်ချက်ချလိုက်
တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ အာဆီယံနိုင်ငံတွေဘက်က စိုးရိမ်ပူပန်နေတဲ့အကြောင်း
ပြော လိုက်ပါတယ်။ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ မူကြမ်းရေးဆွဲ ပြီးစီးပြီလို့ မနေ့
တုံးက မြန်မာစစ်အစိုးရက ကြေငြာတဲ့နောက်ပိုင်းမှာ အခုလိုမျိုး တုန့်ပြန် ပြောဆိုမှုတွေ
ထွက်ပေါ်လာတာပါ။ အာဆီယံနိုင်ငံတွေရဲ့ ထုံးစံအတိုင်း တယောက်ရဲ့မူဝါဒကို နောက်
တယောက်က ၀င်ပြီးတော့ မစွက်ဖက်ဘူးလို့ဆိုတဲ့ မူဝါဒကတော့ ဆက်ပြီးတော့
ဆုပ်ကိုင်ထားကြတုံးပါပဲ။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် နာအိုးမိ မာတစ်
(Naomi Martig) ဟောင်ကောင်ကနေ သတင်းပေးပို့ထားတာကို ဦးကျော်အောင်လွင်
က တင်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ အ၀င်မခံ
ဘူးဆိုတဲ့ကိစ္စဟာ လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်း၊ ဒေသတွင်းနိုင်ငံရေးအခင်း
အကျင်း၊ မြန်မာပြည်ထဲက နိုင်ငံရေးအခင်းအကျင်းတွေနဲ့ အံဝင်ခွင်ကျမဖြစ်ဘူး၊
လွဲချော်နေတယ်လို့ စင်ကာပူနိုင်ငံခြားရေး ၀န်ကြီး George Yeo က မနေ့တုံးက
ပြောလိုက်ပါတယ်။ စင်ကာပူနိုင်ငံဟာ လက်ရှိ အာဆီယံအသင်းရဲ့ ဥက္ကဋ္ဌနိုင်ငံဖြစ်ပြီး
တော့ အခု အာဆီယံ ၁၀ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးလည်း
စင်ကာပူမှာပဲ ကျင်းပနေတာပါ၊ အာဆီယံရဲ့မူဝါဒတွေအတိုင်း တပါးတိုင်းပြည်ရဲ့
ပြည်တွင်းရေးကို နိုင်ငံက ၀င်မစွက်ဖက်ဘူးဆိုတာကတော့ ဆက်ပြီးတော့ စွဲကိုင်ထား
တဲ့ မူဝါဒပါပဲလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီင်္း George Yeo ကပြောပါတယ်။ AMPIC
လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့က အမှုဆောင်
ညွှန်ကြားရေးမှူး ရိုရှန် ဂျေဆင် (Roshan Jason) ကတော့ အာဆီယံဟာ မြန်မာ
ပြည်အပေါ်မှာ ထားတဲ့သဘောထား အားနည်းနေတယ်လို့ ဝေဖန်ပါတယ်၊

“ဘာဖြစ်လို့လည်းဆိုတော့ မကြာခင်ကပဲ သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့
အာဆီယံပဋိညာဉ်စာတမ်းမှာ ဒေသတွင်းနိုင်ငံတွေက လူ့အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ဆိုပြီး ပါဝင်ပါတယ်၊ အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း
နိုင်ငံတွေက လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပါ့မယ်လို့ပြောဆိုထားတဲ့
ပေးထားတဲ့ ကတိက၀တ်တွေရှိပါတယ်၊ အခုတော့ ဒီကတိတွေအတိုင်း မလုပ်ဘူးဆိုတဲ့
သဘော ကျနော်မြင်ရပါတယ်။”

ရိုရှန် ဂျေဆင်က ပြောသွားခဲ့တာပါ၊ မြန်မာပြည်က လူ့အခွင့်အရေးအခြေအနေတွေ အပေါ်မှာပြောဆိုနေတာတွေကို ကြည့်ရင် အာဆီယံကနေပြီးတော့ ပိုအားကောင်းတဲ့
လုပ်ဆောင်မှုတွေဖြစ်လာနိုင်လိမ့်မယ်လို့ သူ မျှော်လင့်မထားတဲ့အကြောင်းလည်း
ဂျေဆန်ကပြောပါတယ်။

“အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာကိုပဲ လူ့အခွင့်အရေးချိုးဖေါက်မှုတွေက သူ့
အဆင့်နဲ့သူ မတူတဲ့ပုံစံတွေနဲ့ရှိနေကြတာပါ၊ အာဏာရှင်တွေက အရပ်ဝတ်လဲပြီး
တော့ အရပ်သား နိုင်ငံရေးအုပ်စုတွေဖွဲ့ပြီးတော့ လုပ်ကိုင်နေတာတွေ၊ တိုင်းပြည်
ကို အုပ်ချုပ်နေတာတွေလည်း ရှိနေတုံးပါပဲ၊ သူ့ဥပဒေနဲ့သူ လူ့အခွင့်အရေးတွေ
ကို အဆင်ပြေသလို ချိုးဖောက်နေတဲ့နိုင်ငံတွေဆိုတော့ မြန်မာပြည်အရေး အာဆီယံ
က ထိထိရောက်ရောက်လုပ်လာလိမ့်မယ်လို့ မထင်ပါဘူး။”

AIPMC လို့ခေါ်တဲ့ မြန်မာ့အရေး အာဆီယံလွှတ်တော်အမတ်များအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှူး ရိုရှန် ဂျေဆင်က နေပြီးတော့ ဗွီအိုအေကိုပြောသွားခဲ့တာပါ။

Monday, February 4, 2008

လူသားများစွာအတွက် နှလုံးသားလှသောလူများ

မကျန်းမမာဖြစ်နေပါလျက်ဆေးဝါးမကုနိုင်သောမိခင်၊ကျောင်းနေချင်ပါသော်လည်းဆင်းရဲနွမ်းပါးသဖြင့်ကျောင်းစရိတ် မတတ်နိုင်ရှာသောလူငယ်၊အာဟာရချို့တဲ့လွန်းသဖြင့် လူစဉ်မမီအောင်ပိန်လိန်နေသော ကလေးငယ်သည်လို ဒုက္ခသည်များ နှင့် တွေ့ရလျှင် သို့မဟုတ် သူတို့အကြောင်း ပြောသံကြားရလျှင် ရင်ထဲတွင် ထိခိုက်နာကျင်မိတတ်သည်မှာ စာနာတတ်သော နှလုံသား ရှိသူတိုင်း၏ စိတ်ဖြစ်သည်။ သည်လူတွေကို ကူညီလိုပါလျှက်မိမိကိုယ်တိုင်ပင် ပြည့်ပြည့်စုံစုံ မရှိသဖြင့်မကူညီနိုင်ကြ သည့်အခါရင်မှာပိုပြီး နာကျင်စရာ ဖြစ်ရ တတ်သည်။ မိမိတွင်ငွေကြေးများစွာ ရှာဖွေစုဆောင်းထားပြီး ဖြစ်ပါက ကုသိုလ်ဖြစ် ဆေးရုံများ ကလေးသူငယ်များ၏ ပညာသင်ကြားရေးအတွက် ကူညီထောက်ပံပေးနိုင်ပါသည်။ဓနငွေကြေး သည် အချို့လူများ လက်တွင် သူတပါးအား နှိပ်စက်အနိုင်ကျင့်သည့် လက်နက်ကိရိယာများ ဖြစ်နေသောလည်း စိတ်ကောင်း စေတနာကောင်း ရှိသူတို့ လက်ထဲတွင်မူ လူသားအကျိုးဆောင်လုပ်ငန်များကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်စေသည့် အင်အားကြီးတစ် ရပ် ဖြစ်လာသည်။

ကိုယ်ရဲ့စွမ်းအားကို ညှစ်ထုတ်ပါ

လူသည်မိမိ၏ဘ၀ကို မိမိကိုယ်တိုင်သာ ဖန်တီးရစမြဲဖြစ်သည်။ ကောင်းအောင်လည်းကိုယ်ပဲလုပ်နိုင်သည်။ ဆိုးအောင်လည်း ကိုယ်ပဲလုပ်နိုင်သည်။ အောင်မြင်မှုများကို ဇွဲလုံလ ၀ိရိယ ရိုးသားမှု ကြိုးစားမှုများနှင့်ပေးဆပ်နိုင်ရ မည်။ အခွင့်အရေးကို လိုက်ရှာ လိုက်ကြည့် လိုက်လုပ်ရလိမ့်မည်။ အခွင့်အရေးသည် အိမ်တိုင်ရာရောက် လာ ရောက်ပေးပို့လိမ့်မည်မဟုတ်ပါ။ ကျွန်တော်တို့ ကုမ္ပဏီကြီးမှာ OuúX လာလုပ်ပါခင်ဗျm [líမည်သူကမှ လာ ရောက် ဖိတ်ခေါ်လိမ့်မည်မဟုတ်။ ထို့သို့ အဖိတ်ခေါ်ခံရသူ ရှိကောင်းရှိပါလိမ့်မည်။ သို့သော် ထိုအထဲတွင် ကျွန်တော်တို့လို လူတွေပါဝင်လိမ့်မည်မဟုတ်ပါ။ ကျွန်တော်တို့လို လူတွေအနေနှင့် အခွင့်အရေးကို လိုချင်လျှင် အခွင့်အရေးကိုဖန်တီးရလိမ့်မည်။ ကုမ္ပဏီ OuúX ဖြစ်ချင်လျှင် ကုမ္ပဏီထောင်နိုင်ရမည်။ ကိုယ်ထူမှ ကိုယ်ထí ရမည်။ အချိန်တန်လျှင် ကိုယ်ထှူ ကိုယ်ထသမားသည် အားလုံးကို ဖြတ်ကျော်အနိုင်ယူသွားလိမ့်မည်


Sunday, February 3, 2008

စာလုံးများ၏စွမ်းအား

ယနေ့အချိန်သည် လူတိုင်းအတွက် မိမိဘ၀ကို အကောင်းဆုံးပြောင်းလဲနိုင်ဖို့ အချိန်ရောက်လာပါပြီ။ ဘ၀တိုင်းသည်
နူးညံ့ပျော့ပျောင်းမှုများ ခက်ထန်မာကျောမှုများနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပါလိမ့်မည်။ စွန့်လွှတ်အနစ်နာခံမှုများ
မမြင်နိုင်သောပေးဆပ်မှုများနှင့် ရည်မှန်းချက်ပြီးမြောက်အောင် ဇွဲရှိရှိ ကြိုးစားဆောင်ရွက်နေသူများအတွက်အောင် ပွဲသည် ရှေ့ဆီမှစောင့်မျှော်နေပါပြီ။ ဘ၀သစ်တစ်ခု တည်ဆောက်နိုင်မည်ဟူသော စိတ်ကူးယဉ်အိမ်မက်များနှင့် လာခဲ့သူတွေသည်လည်း လောကဓံ၏ ဒဏ်ကိုခါးစည်းခံခဲ့ကြပြီ။ အထောက်အကူလုံးဝကင်းမဲ့သည့်ဘ၀တွင် ကိုယ့် အားကိုယ်ကိုး စိတ်ဓာတ်ဖြင့် ကျားကုတ်ကျားခဲ လုပ်ကိုင်ဆောင်ရွက်နေသူများကို သဘာဝတရားကြီးက ပျော်ရွှင် ငြိမ်းချမ်းမှုများ ပေးဆောင်ရန် ကြိုဆိုနေပါပြီ။