Monday, April 14, 2008

ဒုတိယအကြိမ်မြောက် မဟာအတာသင်္ကြန်ပွဲတော် ကျင်းပခြင်း




မလေးရှားနိုင်ငံ၊ ကွာလာလမ်းပူမြို့လယ်ရှိ လူသိများသော ကိုတာရာယာကုန်တိုက်ဘေးတွင်ရှိသော (SM) ကုန်တိုက် ၆ထပ်တွင် ဒေသစံတော်ချိန် နံနက် ၁၁နာရီ မိနစ် ၃၀ မှ ညနေ ၅း၀၀ နာရီအချိန်ထိ NLD(LA)Malaysia မှ ကျင်းပသော ဒုတိယ အကြိမ်မြောက် မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို အဖမ်းအဆီး များကြားထဲမှ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။ ဤပွဲသို့ လာရောက်ကြည့်ရှု့သူများမှာလည် များသောအားဖြင့် over still များဖြစ်ကြပြီး မြန်မာအတာသင်္ကြန်ပွဲတော်ကို ချစ်မြတ်နိုးလွန်းသည့် အတွက် စွန့်စွန့်စားစားဖြင့် လာရောက်ကြည့်ရှု့ အားပေးကြခြင်း ဖြစ်ပါသည်။
အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို (လွတ်မြောက်နယ်မြေ) မလေးရှား ဌာနခွဲ ဥက္ကဌ ကိုကျော်ကျော် မှ ပြောကြားပြီး အခမ်းအနားကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားသော အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ ပါတီအလံတော်အား အလေးပြုခြင်း နှင့် ပါတီ သစ္စာအဓိဌာန် (၄) ချက် ရွတ်ဆိုပြီး ကိုကျော်ကျော်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။
အခမ်းအနား အစီအစဉ်များကို (န.အ.ဖ) လက်ထက် မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော်များတွင် ပျောက်ကွယ် လုနီးပါး ဖြစ်သော သင်္ကြန် (သံကြပ်)၊ သင်္ကြန် ယိမ်းအကများ၊ တေးသီချင်းဖျော်ဖြေခြင်း၊ တစ်ခန်းရပ်ပြဇာတ်နှင့် တေးသရုပ်ဖော် အစီအစဉ်တို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပါသည်။
ကိုမင်းမင်း သီဆိုသော (ကြွကြွ ငရဲပြည်ကိုကြွ) တေးသီချင်းနှင့် အတူ NLD (LA) Malaysia ရဲဘော်များ ၀တ်ဆင်ထားသော (န.အ.ဖ) ဗိုလ်ချုပ်ကြီးများ၏ စစ်အင်္ကျီနှင့် ထမီဝတ်ပြီး ကပြဖျော်ဖြေသော (န.အ.ဖ) ယိမ်းတွင် လာရောက်ကြည့်ရှုသော ပရိတ်သတ်များ၏ လက်ခုပ်သံများသည် အခမ်းအနားကျင်းပသော ဇာတ်ရုံကြီးတစ်ခုလုံး ဖုံးလွှမ်းသွားသည်အထိ အားပေးခဲ့ပါသည်။
တစ်ခန်းရပ်ပြဇာတ်ဖြစ်သော “ ပြတ်ပြတ်သားသား ဆန့်ကျင့် ကန့်ကွက်ကြ” ပြဇာတ်တွင် ရဟန်း၊ရှင်လူ၊ ကျောင်းသား ပြည်သူများအား နအဖ စစ်တပ်မှ အကြမ်းဖက်ဖြိုခွင်းခဲ့သည့် သရုပ်ဖော်ပြကွက်တွင် ပရိတ်သတ်များသည် နအဖ စစ်အာဏာရှင်အပေါ် ပိုမိုစက်ဆုပ်ရွံရှာမှုများနှင့်အတူ ဒေါသပေါက်ကွဲသံများထွက်ပေါ် လာအထိ ဇာတ်ရုံကြီးတခုလုံး ဆူညံသွားခဲ့ပါသည်။
အခမ်းအနားကို နှစ်ပိုင်းခွဲကာ ဖျော်ဖြေတင်ဆက်ခဲ့ပြီး ပထမပိုင်းအစီအစဉ် အပြီးတွင် ပွဲကို ခေတ္တရပ်နားကာ မြန်မာရိုးရာ သင်္ကြန်အစားအစာဖြစ်သော မုန့်လုံးရေပေါ်၊ ရွှေရင်အေး၊ သာကူကျောက်ကြောတို့နှင့် ကျွေးမွေးဧည့်ခံခဲ့ပါသည်။
နောက်ဆုံးအစီအစဉ်တွင် “အရေးကြီးပြီ ညီနောင်အပေါင်းတို့” သီချင်းဖြင့် ဖျော်ဖြေခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာအဆုံးသတ်ခဲ့ပါသည်။ ယင်းအခမ်းအနားသို့ မလေးရှားသို့ရောက်ရှိနေသော ရွှေမြန်မာများက အခက်အခဲမျိုးစုံကြားမှပင် လူပေါင်း ၇၀၀ ကျော် တက်ရောက်အားပေးခဲ့ပါသည်။


Email ပို့ပေးသော ကိုခင်မောင်ဝင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday, April 9, 2008

ဒါမှမဟုတ်ရင် လိုက်ပွဲတွေကို ၀ိုင်းပြီးတော့ ပြင်မှာလား။

ကျနော်မြင်တာကို၎င်း၊တွေ့ တာကို၎င်း၊ သိတာကို၎င်း၊ မြင်သူတွေကတဆင့်သေသေချာချာကြားတာကြောင့် ပွင့်ပွင့်လင်းလင်းရေးလိုက်တာပါ။ စကားထောက်၊ စကားကျန်၊ စာကျန်ရင် ပြင်ဖတ်ပေးဖို့နဲ့ မရည်ရွယ်ပဲ ထိခိုက်ရေးသားမိတာတွေ ပါရှိခဲ့ရင် နားလည်ပေးဖို့ တောင်းပန်ပါတယ်။

အထူးသဖြင့်၊ ပြည်တွင်းက တိုင်းရင်းသား မြန်မာလူမျိုးအားလုံးကို မေးသင့်သလို၊ ပို၍ထပ်ပြီးမေးသင့်သည်မှာ ပြည်ပ နဲ့ ပြည်တွင်း ကဒီမိုကရေစီဘက်တော်သားတွေ၊ခေါင်းဆောင်ကြီးများတွေ၊လေလှိုင်းတွေပေါ်မှာမိုးလုံးထွားစွာပြောနေသောသူတွေ၊ဆင်ဖမ်းမယ်၊
ကျားဖမ်းမယ်ဆိုသောသူတွေကော၊အရင်ကတော့ဘာဖြစ်တယ်ဘာဖြစ်တယ်ဆိုပြီးအခုတော့ရ၅%ဘဲရတာလေးကိုဘဲယူပြီးရသ

လောက် နေရာလေးဝင်ထိုင်ချင်သောသူတွေရယ်၊ ပြည်သူတွေဆန္ဒဘဲဆိုပြီးပြည်သူကိုအမြဲတမ်းခေါင်းပြန်တင်ကာစကားလှလှလေး

သုံးပြီးတော့ကိုယ်မနာရင်ပြီးရောဆိုသောခေါင်းဆောင်ကြီးတွေကိုပြည်သူတစ်ယောက်အနေနဲ့ ပြတ်ပြတ်သားသားမေးရတော့ မ
ဲ့  အချိန်ကိုရောက်ပါပြီ။

ဘာလို့လည်းဆိုတော့မြန်မာနိုင်ငံပြည်တွင်းတွင်နေထိုင်သော တိုင်းရင်းသားတွေကို မြန်မာ တပါတီအာဏာရှင်စံနစ်ကိုမကြိုက်လို့ ၊ ကြိုးနီစံနစ်ကိုင်တွယ်တာကိုလုံးဝလက်မခံနိုင်ဘူးဆိုတာရယ်၊ လွတ်လပ်ခြင်း၊တရားမျှတခြင်း၊ ညီမျှခြင်း၊ဥပဒေစိုးမိုးခြင်း။
တို့ အခြေခံပြီး ပြည်သူကတင်မြှောက်သော ဖဒရယ်ပြည်ထောင်စုအစိုးရပေါ်ပေါက်ရန် ၁၉၉၀ပြည့်နှစ်က မဲပေးတင်မြှောက်ပေးထားပြီးပါပြီ၊ ပထမဦးဆုံးသောပြည်သူတွေလုပ်ဆောင်ရသောအပိုင်းတာဝန်ကို ကျေပြွန်စွာဆောင်ရွက်ခဲ့ပြီးပါပြီ။ တာဝန်ကျေခဲ့ပြီးပါပြီ။

ဒီမိုကရေစီအစိုးရကိုလိုချင်လွန်းလို့ယနေ့ထိစစ်အစိုးရရဲ့ စံနစ်တကျနှိပ်ကွပ်ဖိနှိပ်ခြင်းအောက်မှာအံကြိတ်ခံရင်း အနှစ် ၂၀ တိတိ ခံလာရတာတောင်၊ ကျွန်တော်တို့ တင်မြှောက်ထားသောပြည်တွင်းကကိုယ်စားလှယ်တွေ၊ပြည်ပကကျွန်တော်တို့ ရဲ့ ခေါင်းဆောင် တွေကဘာလို့ ပြတ်သားသော၊နောက်ဆက်တွဲကိုမရှိနိုင်သောအခင်းအကျင်း၊တိုက်ပွဲကိုဘာလို့ မလုပ်နိုင်ကြတာလည်းဆိုတာကိုပါ။ ဘာလို့ ပြတ်ပြတ်သားစကားလုံးနဲ့ ၊ဘာပြီးရင်ဘာဆက်လုပ်မယ်၊ဘာမဖြစ်ရင်ဘာလုပ်မယ်၊ ဘယ်လို့ ကြေငြာပြီးမလုပ်နိုင်ရတာလည်း၊

ပြည်သူကဘယ်သူကိုခေါင်းဆောင်တင်ပြီး၊ ဘယ်သူ့ စကားကို ယုံကြည်ပြီးလိုက်ရမှာလည်း။ပြောကြပါအုံး။

ပြည်သူကကန့်ကွက်မဲပေးပြီဆိုပါတော့၊ ကျွန်တော်တို့ တိုက်ပွဲကပြီးသွားပြီလား၊ ဘယ်နှစ်နှစ်အတွင်း ဒီမိုကရေစီရမှာလည်း၊ပြောပါ။
ဒီလိုမေးတာက ပြည်သူအများစုရဲ့ တကယ့်ရင်တွင်းမှာ က စစ်အစိုးရကလုပ်သောဆန္ဒခံယူပွဲကြီးကို လည်းလုံးဝ မဖြစ်မြောက်စေချင်သလို ၊ အခြေခံဥပဒေကြီးကိုလည်းလုံးဝသဘောမတူဘူးဆိုတာကိုတော့သိထားပါလို့ ပြောပါရစေ.။

ဘာလို့ ဒီဆန္ဒခံယူပွဲကြီးကို မဖြစ်မြောက်အောင်လုပ်ဆောင်ကြ၊ ကန်ကွက်ကြ၊ တော်လှန်ကြကျွန်တော်တို့ အားလုံးလည်းပြည်သူရှေ့မှာ အခုပြောတဲ့အချိန်ကစပြီးရှိတယ်၊ကျွန်တော်တို့ ကိုယ်တိုင်ပြတ်ပြတ်သားသားတွန်းလှန်တယ်ဆိုသော

အကြမ်းမဖက်
သောပြည်လုံးကျွတ်ဆန္ဒပြပွဲကြီးလုပ်ပြီဆိုတာတောင်မကြေငြာရဲတော့ဘူလား။
မြန်မာနိုင်ငံက အနှစ်၆၀ကျော်ကြာ ရှည်လျားဆိုးဝါးလှတဲ့ ပြည်တွင်းစစ်များအလွန်၊ အကြမ်းဖက်ဝါဒများ ခေတ်စားလာနေတဲ့ ဒီကနေ့ကမ္ဘာမှာ ကျနော်တို့ဘက်က အကြမ်းမဖက် အနုနည်းသက်သက်နဲ့သာ စစ်အာဏာရှင်တွေကို တောက်လျှောက် ဆန့်ကျင်လာခဲ့တာပါ။

ဘယ်နှစ်ခါကများ စစ်တပ်ကတိတည်တာကိုရှိခဲ့ဘူးလည်း၊ပြောရင်ပြောသလို၊ဂတိဂ၀တ်ကိုကျေတယ်ဆိုတာဘယ်မှာရှိသလည်း၊
သူတို့ ကိုယ်တိုင်ရေးပြီး၊ ပြည်သူကိုလိုက်လံချပြစည်းရုံးရေးခဲ့သောမြန်မာ့ဆိုရှယ်လစ်အခြေခံဥပဒေကြီးကိုတောင်၊စာအုပ်ထဲကတခြား

၊အပြင်လက်တွေ့ကတခြားလုပ်ဆောင်ခဲ့ကြတာ၊ပြည်သူကိုဘာကိုမက်လုံးတွေ၊မဟာနိုင်ငံရေးအဘိဓါန်တွေပြောပြီး၊ဘာလို့ ဒုက္ခ ခဏခဏပေးချင်ရတာလည်းဆိုတာကိုလည်းသတိပြုကြပါအုံးခင်ဗျား။

အားလုံးလဲ ပြတ်ပြတ်သားသား မေးရတော့မယ့် အခြေအနေ အချိန်အခါ ကျရောက်နေပြီဖြစ်လို့ပါ။
မပြတ်သားရင်တော့ ကျနော်တို့ မပြီးနိုင်သောပန်းချီကားကြီးကို ရေးဆွဲသွားကြရတော့မှာဖြစ်ပြီး ပြည်သူတွေကြားထဲ ယခုထက်ပိုဆိုးဝါးတဲ့ အထွေထွေကြပ်တည်းမှုတွေ၊ ဆုံးရှုံးမှုတွေ၊ အကျင့်ပျက် လုယက်တိုက်ခိုက်မှုတွေနဲ့ ဖြေရှင်းမနိုင်အောင် ဆက်လက်ပြီး ရင်ဆိုင်သွားကြရတော့မယ်ဆိုတာ မြေကြီးလက်ခက်မလွဲပါဘူး။
ဒီလာမယ့်ဆန္ဒမဲပေးပွဲဟာ ဘယ်လိုရလဒ်တွေပဲထွက်ထွက် အများပြည်သူအဆင့်ထိ ပြန့်နှံ့သွားပြီဖြစ်တဲ့ တရားလက်လွတ် ဓါးမိုးအုပ်ချုပ်မှုနဲ့ အနိုင်ကျင့်စော်ကားမှု အဓမ္မစရိုက်တွေက အကြမ်းဖက်တိုက်ခိုက်မှုတွေဆီ ဦးတည်နေပြီဖြစ်ပါတယ်။

မနင်းရင်တော့ အနင်းခံရမှာပဲ ဆိုတဲ့အသိနဲ့ အားထားလုံခြုံရာ ဥပဒေအစောင့်အရှောက်ကင်းမဲ့မှုတွေက ပြည်သူကို ချောင်ပိတ် အရိုက်ခံနေရတဲ့ ခွေးတွေပမာ ခံစားလာစေရလိမ့်မှာဖြစ်သလို၊ ဘယ်ကမှ အကာအကွယ်မရနိုင်ရှာတဲ့ အဲဒီပြည်သူတွေရဲ့ဘဝက စစ်အာဏာရှင်တစုနဲ့ သူတို့ရဲ့နောက်လိုက်တွေ ပြုသမျှ နုရတော့မယ့်အခြေကို လုံးလုံးလျားလျား ဆိုက်ရောက်သွားတော့မှာပါ။ လက်ရှိ အင်အယ်ဒီ အဖွဲ့ဝင်တွေနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို အနိုင်ကျင့် ရိုက်နှက်ပြပြီးတော့ ပေးနေတဲ့ သတိကိုက ပြည်သူတွေ နင်းမှာလား အနင်းခံမှာလား ဆိုတာပါ။
တကယ်တမ်းတော့ အများပြည်သူမလိုလားတဲ့ နအဖဘက်က သူ့ဖွဲ့စည်းပုံအဆင့်ဆင့်နဲ့ စနစ်တကျ သူဖြစ်ချင်တာသူ လုပ်ယူဖန်တီးသွားနေခဲ့တာ အရာရာအောင်မြင် ပြီးမြောက်လုပြီဖြစ်ပါတယ်။ တရားတယ် မတရားဘူးဆိုတာထက် အနိုင်အရှုံး အဖြေက ရလဒ်ကို ဦးဆောင်သွားတော့မယ့် အချိန်မှာ ဘယ်သူမှ ဘာမှမတတ်နိုင်ကြတော့တာဟာ အမြင်အားဖြင့်ကို ရှုံးနေပါပြီ။

အဲဒီအဖြေထွက်တဲ့အထိ စောင့်ကြည့်မနေသင့်တော့တဲ့ အချိန်မှာ နိုင်ငံရေးအခင်းအကျင်းတွေ၊ သုံးသပ်ချက်အလှည့်အပြောင်းတွေ၊ သံတမန်ရေးရာနည်းလမ်းတွေ၊ ဒေသတွင်းပါဝင်ပတ်သက်မှုတွေ၊ နိုင်ငံတကာ စာနာမှုတွေ အားလုံးကို ခေတ္တခဏဘေးဖယ်ထားပြီး ကိုယ့်နိုင်ငံရဲ့ ပြည်တွင်းရေးကို ကိုယ်တိုင်ကိုယ်ကျပါဝင်ဖို့ လိုပါတယ်။

ကန့်ကွက်မဲဝင်ထည့်ပြန်ရင်လဲ နအဖရဲ့လုပ်ရပ်ကို အသိအမှတ်ပြုပြီးသားဖြစ်သွားမယ်။ မဲမပေးပဲနေမယ်ဆိုရင်လဲ ရသမျှနဲ့ အနိုင်ပိုင်းသွားတာခံရမယ်။ ရှုံးရှုံးနိုင်နိုင် နအဖဘက်က အုပ်စုဗိုလ်အနေနဲ့ အသာစီးက ဆက်ကစားလို့ ရသွားတော့မယ့် အခြေအနေမှာ၊ ဒီပွဲက ကန့်ကွက်တာမဲများခဲ့ရင် အခြေခံဥပဒေ အတည်မဖြစ်နိုင်တော့တဲ့အတွက် အမျိုးသားညီလာခံကို ပျော်ပျော်ကြီးပဲ ပြန်လည်စတင် ကျင်းပသွားဦးမှာဖြစ်ပြီး မဲဝိုင်းထည့်တဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုတို့အရ အဲဒီညီလာခံကို သပိတ်မှောက်ထားတဲ့ အင်အယ်ဒီအနေနဲ့ နအဖစိတ်ကြိုက် ခင်းကျင်းထားတဲ့ အမျိုးသားညီလာခံအခြေပြု အနာဂတ်နိုင်ငံရေးလမ်းစဉ်မှာ လမ်းဘေးကို ရောက်သွားရပါလိမ့်မယ်။ ဒါက တချက်ခုတ်နှစ်ချက်ပြတ် အင်အယ်ဒီကို မြောင်းထဲပို့နေတာပါ။

ကလိမ်ကကျစ်ကျပြီး ထောက်ခံမဲတွေအရ လမ်းညွှန်မြေပုံခုနှစ်ဆင့်အတိုင်း နောက်နှစ်နှစ်အကြာမှာ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး ဝှဲချီးကျင်းပခွင့် ရသွားလိုက်ပြီဆိုရင်တော့ အတိုင်းထက်အလွန် တံခွန်ထက်ကုက္ကား နအဖများဘက်က လက်ခမောင်းခတ်ကြတော့ဖို့ပါပဲ။

၁၉၉၀ပြည့်နှစ် ရွေးကောက်ပွဲရလဒ်က လုံးဝဥဿုံပြက်ပြယ်ပြီး ကြံ့ဖွံ့က နအဖလိုလားတဲ့ ဦးဆောင်ပါတီကြီးတခုအဖြစ်နဲ့ အမျိုးသားညီလာခံကတဆင့် အဲဒီအခြေခံဥပဒေလူလားမြောက်အောင် နအဖနဲ့ အတူလက်တွဲ ဝိုင်းကူဆွဲပေးခဲ့တဲ့ တစည အပါအဝင် တိုင်းရင်းသားပါတီတွေ ခြံရံထွက်လာပြီးတော့ တကြော့ပြန် လက်ရှိချန်ပီယံအင်အယ်ဒီနဲ့ အားစမ်းပွဲလုပ်မလား။

အဲဒီ လမ်းညွှန်မြေပုံခုနှစ်ချက်အရပဲ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနဲ့ အခင်းအကျင်းက လှသွားလိုက်တော့ ရှေ့ဆက်တိုင်းပြည်ရဲ့ အနာဂတ်က အင်ဒိုနီးရှားနဲ့ မြောက်ကိုရီးယား အမွှာပူးကလေးဖြစ်လာမယ်။ လိင်ဖျော်ဖြေရေးအလုပ်သမတွေ အပါအဝင် လူသားအရင်းအမြစ်တွေ အမြောက်အမြားထုတ်လုပ်ပေးလာမယ့် နိုင်ငံတခုကို အိမ်နီချင်းနိုင်ငံတွေက ဝမ်းသာအားရ လက်ကမ်းကြိုဆိုနေကြမှာပါ။

စစ်အာဏာရှင်စံနစ်ဆိုးအောက်က လွတ်မြောက်လိုသူတိုင်းနဲ့ လွတ်မြောက်စေလိုသူတိုင်း ငါလုပ်မှ၊ ငါပြောမှ၊ ငါကြံမှ ဟုတ်မှန်အောင်မြင်ရမယ်ဆိုတဲ့ အထွေထွေအတ္တတွေထဲက လွန်မြောက်နိုင်ဖို့ အရေးကြီးလိမ့်မယ်ထင်ပါတယ်။ နောက်ပြီး ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်ဆိုပေမယ့် အခြားတဖက်မှာတော့ ဦးတည်ရာ ညွှန်ရပ်တွေက တကွဲတပြားဖြစ်နေတာကိုတွေ့ရလိမ့်မယ်။ ဘယ်ကိုတွန်းမှာလဲ၊ ဘယ်အထိရောက်အောင်တွန်းရမှာလဲဆိုတာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မျိုးမဟုတ်တဲ့အတွက်ကြောင့် ရွေ့ချင်ရွေ့ ရွေ့ချင်မှလဲရွေ့ ဘယ်တော့မှလဲမရွေ့ နဲ့ပဲ တော်လှန်ရေးတိုက်ပွဲအစား ပရိုပိုဆယ်လိုက်ပွဲကလေးနဲ့ ကျေနပ်သွားကြတော့မလား။

နိုင်ငံတကာရဲ့ အသိအမှတ်ပြုခံရမှုများစွာတွေက ဖေါ်ကျူးစာဖွဲ့ မကုန်နိုင်အောင်ပါပဲ။ အသိအမှတ်ပြုခံလိုခြင်းဆိုတာ သာမန်လူသားတိုင်းရဲ့ ကိုယ်စီအတ္တလို့ဆိုပေမယ့် အများအကျိုးနဲ့သက်ဆိုင်တဲ့ လုပ်ငန်းရပ်တွေမှာတော့ လူလားမမြောက်သေးတဲ့ ကလေးကလားဆန်ဆန် ခံယူချက်မျိုးလို့လဲ စိတ်ပညာရှုထောင့်က အဓိပ္ပယ်တမျိုး ဖွင့်ဆိုပြန်တာမို့ ဘုရားရှင်နဲ့ အရိယာသူတော်စင်များမှလွဲရင် ဗိုလ်ချုပ်အောင်ဆန်းတို့လို အာဇာနည်မျိုးတွေမှာသာ အဲဒီအတ္တက ကင်းလွတ်နိုင်ကြတာပါ။ အဲဒီပုဂ္ဂိုလ်မျိုးတွေဟာ ခေတ်သမိုင်းအဆက်ဆက် ဘယ်တော့မှလဲ သတ်၍မသေတဲ့ လူစွမ်းကောင်းများ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေယုံကြည်တာကတော့ အကျယ်ချုပ်ကြထားသောဒေါ်အောင်ဆန်းစုကြည်၊ဦးတင်ဦး၊ နဲ့ ထောင်ထဲ ရောက်နေသော ဦးဝင်တင် နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေသာလျှင်ပြည်သုကိုပြတ်သားသောစကား၊ ဘာလုပ်တော့၊ ဘာလုပ်ရမယ်ဆိုတာကိုပြောရဲလုပ်ရဲသောသူတွေဖြစ်ပြီး၊ပြည်သူတွေနဲ့ တသားတည်းရှေ့ကနေဦးဆောင် သူုတွေဆိုတာတွေပါဘဲ။သူတို့ ကသာအပြောနဲ့ အလုပ်ကိုတထပ်တည်းကျအောင်လုပ်ခဲ့သော၊လုပ်သွားသော၊နောင်လည်း ဆက်လုပ်မယ်ဆိုတာကိုယုံကြည်ပါတယ်။
ဒါကြောင့်လည်းစစ်အစိုးရကသူတို့ ကို ထိန်းသိမ်းထားတာကပြန်မလွတ်တာပါ၊
သိုပေမဲ့ ကျွန်တော်တို့ ရဲ အထဲကိုရောက်သော၊အထိန်းသိမ်းခံရသော၊ အကျယ်ချုပ်ကြခံရသောသူတွေမသိခဲ့သောအချက်က

သူတို့ လောက်တောင်ကျန်သုတွေကပြည်တွင်းမှာရော၊ပြည်ပမှာ မလုပ်ရဲ မပြတ်သားရဲ ကြရတာ
ရယ်၊ ပြည်သူကိုဦးဆောင်နိုင်
မှုမပေးနိုင်ဘူးဆိုတာကိုအနှစ် ၂၀ ထိထိသေသေချာချာသဲသဲကွဲကွဲမသိရသေးလို ဆိုတာကိုကျွန်တော်တို့ ပြည်သူတွေဝမ်းနည်းစွာ
ယခုတွေ့ ကြရတာပါ။


အခုက ပြည်တွင်းကရော၊ ပြည်ပကဆရာတွေကကော လုပ်နေသော အလုပ်ကိုမြင်သည်မှာတော တိုက်ပွဲဝင်မည်ဟုအော်ရင်း ။ လိုက်ပွဲများပါ ၀ိုင်းပြင်နေတာကိုတွေ့ မြင်နေရတာကလည်းမြင်တွေ့ ရပါတယ်။တကယ်တန်း ဖြစ်သင့်တာကတော့

အာဇာနည်မျိုး သေရိုးမရှိလို့ ဆိုပါတယ်။

တိုက်ပွဲကိုပြတ်ပြတ်သားသား ဝင်မှာလား။ ဒါမှမဟုတ်ရင် လိုက်ပွဲတွေကို ၀ိုင်းပြီးတော့ ပြင်မှာလား။

စိုင်းမွန်၊

ရက်စွဲ ၊ ၉ရက် ဧပြီလ ၂၀၀၈

Tuesday, April 8, 2008

၁၉၉၀ ပြည့်ရွေးကောက်ပွဲကြီး

န၀တ စစ်အစိုးရက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပပေးဖို့ ဆုံးဖြတ်လိုက်
တာဟာ နိုင်ငံတကာ့အခြေအနေ ပြည်တွင်းအခြေအနေများအရ မကျင်းပပေးရင် ပိုမိုဆိုးဝါးလာနိုင်
ဖွယ်ရာရှိတယ်လို့မြင်ပြီး ကျင်းပမပေးရင် မဖြစ်နိုင်တော့တဲ့အတွက် ကျင်းပပေးတာဖြစ်ပါတယ်။
နောက်ထပ် အဓိက အခွင့်အလမ်းသာချက်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ တွက်ဆယုံကြည်ပြီး
ကျင်းပပေးဖို့ဆုံဖြတ်ခဲ့တာပါတယ်။အင်အားအကြီးဆုံးဖြစ်တဲ့ (NLD) ကို ဘက်ပေါင်းစုံ ဖိနှိပ်ထားပြီး
ဖြစ်ပါတယ်။ အထက်မြက်ဆုံးနဲ့ လူထုယုံကြည်မှုအရဆုံးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကိုလည်း ဖမ်းဆီးထားပြီးဖြစ်သလို၊ (NLD) အတွင်းက ထိပ်သီးခေါင်းဆောင် တော်တော်များများ
ကိုလည်း အကြောင်းအမျိုးမျိုးနဲ့ ထောင်သွင်းအကျဉ်းချထားနိုင်ပြီး ဖြစ်ပါတယ်။

ဦးဝင်းတင်၊ ဦးသော်က (မောင်သော်က)၊ ဦးထွန်းတင် တို့ကို ထောင်ထဲထည့်ထားပြီး ဖြစ်သလို
ဦးတင်ရွှေ၊ ဦးဝင်းခက် တို့လို ဒေါ်အောင်ဆန်းစုကြည် အစုဘက်က ပုဂ္ဂိုလ်တွေကိုလည်း တရားဝင်
ရပ်တည်နေထိုင်လို့မရအောင် ပြုလုပ်ထားပြီးဖြစ်ပါတယ်။ (NLD) ကို ဘက်ပေါင်းစုံ ကန့်သတ်ပြီး
(တ စ ည) ကို သိသိသာသာ မျက်နှာပေး လွှတ်ထားပေးထားပြီး ဖြစ်ပါတယ်။ ဒိလိုအချိန်မှာ
ရွေးကောက်ပွဲ ကျင်းပလိုက်ရင် ဘယ်လိုပဲဖြစ်ဖြစ် အနိမ့်ဆုံး၊ ပါတီတစ်ခုတည်းက အပြတ်အသတ်
အနိုင်ရတဲ့ အနေအထားမျိုးဖြစ်မလာဘဲ အားနည်းတဲ့ ညွှန့်ပေါင်းအစိုးရပုံသဏ္ဍာန်သာ ဖြစ်ပေါ်
လာလိမ့်မယ်လို့ တွက်ဆထားပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲကို ကျင်းပပေးဖို့ ဆုံးဖြတ်လိုက်
တာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲလုပ်ဖို့ သေချာသွားပြီဖြစ်ပေမယ့် တရားမျှတပြီး လွတ်လပ်တဲ့
ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားနိုင်
ခွင့်အတွက် အာမခံချက်ပေးဖို့ အနိမ့်ဆုံး ၂/ ၈၈၊ ၈/ ၈၈ အမိန့်ကြေညာချက်တွေ ရုတ်သိမ်းပေးဖို့
နိုင်ငံရေးပါတီတွေက တောင်းဆိုကြပါတယ်။ (န.၀.တ) က ရုတ်သိမ်းမပေးခဲ့ပါ။ တရားမျှတပြီး
လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အနိမ့်ဆုံးလိုအပ်ချက်တွေကိုတောင်
ဖြည့်ဆည်းလိုက်လျောခြင်းမရှိတဲ့အတွက် ရွေးကောက်ပွဲကြီးကို သပိတ်မှောက်ပစ်ကြမယ်ဆိုရင်
လည်း (န.၀.တ) အကြိုက်ပဲ ဖြစ်သွားမယ့် အနေအထားမျိုးနဲ့ နိုင်ငံရေးပါတီတွေ ရင်ဆိုင်ရပါတယ်။
န၀တ က တ.စ.ည ´တ.စ.ည´ နွယ်ပါတီတွေနဲ့ ပါတီစုံဆိုပြီး လုပ်သွားမယ့် အနေအထားမျိုးမှာ
ရွေးကောက်ပွဲ သပိတ်မှောက်ရေးကိုလဲ လှုံ့ဆော်လို့မဖြစ်ပါ။ ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံရပြီး
နောက် (NLD) အတွင်းမှာလည်း မျိုးချစ်ရဲဘော်ဟောင်း (ဘောင်းဘီချွတ်ကြီး) များနဲ့ အရပ်သား
နိုင်ငံရေးသမားများကြား ကွာဟမှုတွေ အမြင်မတူမှုတွေ တိုးတက် ပေါ်ထွက်လာပါတယ်။
လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးကိစ္စမှာ မျိုးချစ်ကြီးများက လျာထားချင်တာနဲ့
မျိုးချစ်ရဲဘော် မဟုတ်သူများက လျာထာချင်တာ ကွာဟမှုတွေ ပေါ်ထွက်လာပါတယ်။ ဒါကြောင့်
ညှိနှိုင်းမရနိုင်အောင် ကွာဟမှုကြီးမားလှတဲ့နေရာတွေမှာ မူလက NLD ၀င် ဖြစ်ပါလျက်
တသီးပုဂ္ဂလအဖြစ်၊ NLD ကိုယ်စားလှယ်နဲ့ပါ ယှဉ်ပြိုင်အရွေးခံမယ့်သူတွေ ပေါ်ပေါက်လာရပါတယ်။

အဖမ်းအဆီးခံထားရတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည် က ဗဟန်းမြို့နယ်ကနေ ၀င်ရောက်
ယှဉ်ပြိုင် အရွေးခံဖို့ NLD လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စားရင်းတင်ပါတယ်။ (တစည)
ကိုယ်စားလှယ်လောင်းက အပြင်းအထန် ကန့်ကွက်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကလည်း
န.၀.တ အလိုကျ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားခဲ့ပါတယ်။ ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ
(၁၀) ပုဒ်မခွဲ (င) နဲ့ ငြိစွန်းတယ်ဆိုပြီး ရွေးကောက်ပွဲဝင်ခွင့် မပြုခဲ့ပါ။ တကယ်က (န.၀.တ)
အစိုးရက NLD ကို ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့်ပေးခဲ့တာဟာ၊ ဒေါ်အောင်ဆန်းစုကြည်
မပါဝင်ရအောင်လုပ်၊ ဦးဝင်းတင် တို့လို စစ်မှန်တဲ့ ပုဂ္ဂိုလ်တွေ မပါဝင်နိုင်အောင်လုပ်ပြီးမှ၊ န.၀.တ
စိတ်ကြိုက် ရလဒ်ထွက်ပေါ်လာလိမ့်မယ် မျှောလင့်ချက်နဲ့ ခွင့်ပြုကျင်းပခဲ့တာသာဖြစ်ပါတယ်။
အဓိက ပြိုင်မြင်းကို ကြိုးတုပ်ပြီးမှ အပြိုင်ခိုင်းခဲ့တဲ့ သဘောသာဖြစ်ပါတယ်။

(၉၀) ပြည့်နှစ်ရွေးကောက်ပွဲကြီးအတွက် မဲပေးပုံစနစ်ကိုလည်း ပြောင်းလဲထားပါတယ်။ ဆန္ဒမဲလက်
မှတ်ပုံစံနဲ့ဖြစ်ပြီး ဆန္ဒမဲလက်မှတ်မှာ ကိုယ်စားလှယ်လောင်းတွေအမည်၊ နိုင်ငံရေးပါတီအမည်နဲ့
အမှတ်အသား သင်္ကေတတွေပါဝင်ပါတယ်။ မဲဆန္ဒပေးမယ့် မဲဆန္ဒရှင်က ဆန္ဒမဲလက်မှတ်ကို
မဲရုံမှူးဆီက ထုတ်ယူပြီး ကိုယ်ကြိုက်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းအမည်နဲ့ သင်္ကေတဘေး
မှာ ကြက်ခြေခတ်အမှတ်အသားတံဆိပ် ရိုက်နှိပ်ဖို့ဖြစ်ပါတယ်။ ထောက်ခံတာကို ကြက်ခြေခတ်နဲ့
ပြသဖို့ ဖြစ်ပါတယ်။ NLD ရဲ့သင်္ကေတ အမှတ်အသားက (ခမောက်) ဖြစ်ပြီး (တ.စ.ည) က
(စပါးနှံ) အမှတ်အသား ဖြစ်ပါတယ်။ ရွေးကောက်ပွဲနားနီးတဲ့ အချိန်မှာ NLD ရုံးရှေ့တွေမှာ
(ရွှေခမောက်) ကြီးတွေ၊ ခမောက် အမှတ်အသားတွေ စိုက်ထူထားကြပါတယ်။ ပြည်သူလူထုကြား
ထဲမှာ (ခမောက်) ဟာရေပန်းစားလာတဲ့အတွက် (ခမောက်) တင်လာတဲ့ကုန်ကားကိုတောင်
ရှာဖွေရေးဂိတ်က အပြစ်ရှာပြီး ဖမ်းဆီးတာမျိုးတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ မန္တလေးဘက်မှာ
တော့ (ပိတောက်နဲ့ ငု နွေမှာ လှိုင်တယ်၊ ခမောက်နဲ့ စု မေမှာနိုင်မယ်) ဆိုတဲ့ ကြွေးကြော်သံမျိုးတွေ
ပျံနှံ ရေပန်းစားခဲ့ပါတယ်။

၁၉၉၀ ပြည့်၊ မေလ (၂၇) ရက်နေ့မှယတော့ န.၀.တ စစ်အစိုးရက ကြီးမှူးကျင်းပပေးမယ့် ပါတီစုံ
ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ပေါ်ထွန်းလာပါတော့တယ်။ ဒီိမိုကရေစီအင်အားစုက
မဲမကွဲရေးကို အလေးထားသတိပေးကြပါတယ်။ (ဗ.က.သ) နဲ့ သံဃာ့အဖွဲ့အစည်းကလည်း မဲတွေ
ကွဲကုန်ရင်တော့ (န.၀.တ) အကြိုက်ဖြစ်သွားလိမ့်မယ်ဆိုတာ အလေးထားပြောဆိုကြပါတယ်။
ဝ နဲ့ ကိုးကန့် တို့ရဲ့ ပုန်ကန်ဖယ်ရှားရေးခြင်းကို ခံလိုက်ရတဲ့အတွက် ပြိုကွဲနေပြီးဖြစ်တဲ့ (ဗ.က.ပ)
ကလည်း ရွေးကောက်ပွဲကြီးကို အလေးထားကာ (တ.စ.ည) ကိုစိးချင်းနိုင်ရေးအတွက် ဒီမိုကရေစီ
အင်အားစုများ စုပေါင်းကြံစည်သင့်ပါသည် ဆိုတဲ့ တိုင်တွန်းမှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့
ရွေးကောက်ပွဲနှင့် ပက်သက်၍ သဘောထား ဆိုတာကို ၁၀-၂-၉၀ နေ့ နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။
မေ (၂၇) ရက်ရွေးကောက်ပွဲကြီးကျင်းပတဲ့ မနက်မှာတော့ မဲလာထည့်တဲ့ န.၀.တ ဥက္ကဌ
ဗိုလ်ချုပ်မှူးကြီး စောမောင်ကို နိုင်ငံတကာ သတင်းမီဒီယာများက အာဏာလွှဲပြောင်းပေးရေးနဲ့
ပက်သတ်ပြီး မေးမြန်းကြပါတယ်။ ပါတီပေါင်း (၉၃) ပါတီ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ ရွေးကောက်ပွဲ
ကြီးဖြစ်တဲ့အတွက် အပြတ်အသတ် အနိုင်ရမယ့်ပါတီ ရှိမှာမဟုတ်ဘူးလို့ လူပိန်းတွက် တွက်ဆထား
တဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင် က အနိုင်ရတဲ့ ပါတီကို အာဏာလွှဲပေးလိုက်မှာပေါ့၊ တပ်မတော်က
စစ်တန်းလျားကိုပြန်မယ် လို့ ပြောကြားခဲ့ပါတယ်။

(၉၀) ပြည့်၊ မေလ (၂၇) ရက်နေ့ ရွေးကောက်ပွဲကြီးကို ပြည်သူလူထုတရပ်လုံးက တက်တက်ကြွကြွ
လာရောက် မဲဆန္ဒပေးကြပါတယ်။ ဗမာပြည်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ
ရွေးကောက်ပွဲများသမိုင်းမှာ ပြည်သူလူထုမဲဆန္ဒပေးမှု ရာခိုင်နှုန်းအများဆုံးသော ရွေးကောက်ပွဲကြီး
အဖြစ် မှတ်တမ်းတင်ရပါလိမ့်မယ်။ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်တဲ့ ပါတီပေါင်း (၉၃) ပါတီ
ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်ပေါင်း (၂၂၀၉) ဦး၊ တသီးပုဂ္ဂလ (၈၇) ဦးရှိပြီး
ဗမာပြည်သမိုင်းမှာ ပါတီအရေအတွက်အများဆုံး၊ ယှဉ်ပြိုင်သူဦးရေအများဆုံးသော ရွေးကောက်ပွဲ
ကြီးလည်း ဖြစ်ပါတယ်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲနောက်ပိုင်း နှစ်ပေါင်း (၃၀) တိတိကြာမှ
ပေါ်ထါန်းခဲ့ရတဲ့ ပါတီစုံရွေးကောက်ပွဲကြီးလည်း ဖြစ်တဲ့အတွက် တကမ္ဘာလုံးကလည်း အလေးထား
စောင့်ကြည့်နေခဲ့ကြပါတယ်။ နိုင်ငံလုံး မဲဆန္ဒနယ် (၄၉၂) နေရာရှိတဲ့ အနက် (၄၈၅) နယ်အတွက်
ကျင်းပပေးခဲ့တာ ဖြစ်ပါတယ်။ မဲဆန္ဒနယ် (၂၄၅) ခု အထက် ယှဉ်ပြိုင်အရွေးချယ်ခံခဲ့ကြတဲ့ ပါတီ
ကြီး (၄) ခု ရှိပါတယ်။ (၁) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD၊ (၂) တ.စ.ည၊ (၃) UNDP
ဦးအောင်ကြီးပါတီ၊ (၄) ဒီ/ငြိမ်း တို့ဖြစ်ကြပါတယ်။

နိုင်ငံရေးအတွေ့အကြုံရင့်ကျက်ကြွယ်ဝနေပြီဖြစ်တဲ့ ပြည်သူလူထုကြီးတစ်ရပ်လုံးက မဲတွေကို
အကွဲမခံဘဲ မတရားသဖြင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီ
(NLD) ကို တခဲနက် ပုံအော ထောက်ခံလိုက်ပါတယ်။ တလျောက်လုံး ဒုက္ခပေးခဲ့တဲ့ မဆလတဖြစ်
လဲ တစည ကိုလည်း ရွံ့မုန်း၊ မတရားသဖြင့် ဖိနှိပ်နေတဲ့ န.၀.တ ကိုလည်း အော့နှလုံးနာနေပြီး
ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန် မြင့်မားမှုကို ဖော်ပြလိုက်ကြပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံ
ကြီးနဲ့ လမ်းမအထိထွက်ပြီး တခဲနက်ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကြီးဟာ ၁၉၉၀ ပြည့်နှစ်
အထွေထွေရွေးကောက်ပွဲကြီးနဲ့ အသံတိတ်ဆန္ဒပြပွဲကြီးအဖြစ် တခဲနက် ထပ်မံ ဆန္ဒဖော်ပြလိုက်ပါ
တယ်။

ရလဒ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြတ်အသတ်အနိုင်ရလိုက်ပြီး (န.၀.တ)
လိုလားတဲ့ (တ.စ.ည) ကခွက်ခွက်လန်အောင် ရှုံးနိမ့်သွားရခြင်းဖြစ်ပါတယ်။ NLD ဟာ ၀င်ရောက်
ယှဉ်ပြိုင်တဲ့ (၄၄၇) နယ်မှာ (၃၉၂) နယ် အနိုင်ရရှိလိုက်ပါတယ်။ အားလုံးပေါင်း (၄၈၅) နေရာ
အနက် (၃၉၂) နေရာ အနိုင်ရလိုက်တဲ့အတွက် တပြည်လုံးမှာ (၈၂) ရာခိုင်နှုန်း အနိုင်ရလိုက်တဲ့
လူထုထောက်ခံမှုအရဆုံး အဖွဲ့အစည်းကြီးအဖြစ် မှတ်တိုင်စိုက်ထူလိုက်ပါတယ်။ ဗမာပြည်သမိုင်း
မှာ ရွေးကောက်ပွဲသမိုင်းမှာ မရှိဖူးသေးတဲ့ ထူးထူးကဲကဲ အောင်ပွဲခံလိုက်မှုကြီးဖြစ်ပါတယ်။
န.၀.တ လိုလားတဲ့ (တ.စ.ည) ကတော့ (၁၀) နေရာသာ အနိုင်ရခဲ့ပြီး၊ ဦးအောင်ကြီးရဲ့ပါတီ
ကတော့ (၁) နေရာသာရခဲ့ပါတယ်။ အောင်မြေနင်းမယ်ဆိုပြီး ရွှေဘို ကနေ အရွေးခံခဲ့တဲ့
ဦးအောင်ကြီးကိုယ်တိုင် ခွက်ခွက်လန်အောင်ရှုံးပြီး ပြန်ပြေးလာခဲ့ရပါတယ်။ ဦးနုရဲ့ ဒီ/ငြိမ်း ကတော့
တစ်နေရာတောင် မရရှိခဲ့ပါ။ (၅၈) နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ (၂၃) နေရာ အနိုင်ရခဲ့တဲ့
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် က အောင်မြင်မှုမှာ ဒုတိယလိုက်ခဲ့ပြီး၊ (၁၁) နေရာ
အနိုင်ရခဲ့တဲ့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဟာ တတိယ နေရာလိုက်ခဲ့ပါတယ်။

အသံတိတ်ဆန္ဒပြပွဲကြီးအဖြစ် လူထုကြီးရဲ့ တခဲနက် ဖော်ပြလိုက်မှုကြောင့် မကြုံစဖူး အောင်မြင်မှု
ရရှိလိုက်တဲ့ NLD ရဲ့အောင်ပွဲခံရလဒ်ဟာ (န.၀.တ) စစ်အစိုးကို အံ့သြတုန်လှုပ်သွားစေခဲ့ပါတယ်။
ဘယ်လိုမှ မျှော်လင့်မထားတဲ့ ရလဒ်ဖြစ်တဲ့အတွက် အကြီးအကျယ် အံ့အားသင့်သွားစေခဲ့ပါတယ်။
စစ်သားတွေ အများဆုံးရှိတဲ့ စစ်နယ်မြေ မင်္ဂလာဒုံ၊ မိတ္ထီလာတို့လိုနေရာတွေမှာတောင် (NLD) က
ပဲ အောင်ပွဲခံလိုက်နိုင်တဲ့ အပေါ် စစ်အစိုးရအဖို့ တုန်လှုပ်စရာ ဖြစ်ရပါတယ်။ အစိုးရအမှုထမ်းတွေ
ချည်းလိုလိုရှိတဲ့ ကိုကိုးကျွန်းမြို့နယ်မှာလည်း (NLD) ကပဲ အနိုင်ရလိုက်ပါတယ်။

ဆရာ ၀င်းတင့်ထွန်း ရဲ့ ( အမှောင်ကြားက ဗမာပြည်) မှ ၁၉၉၀ ပြည့်ရွေးကောက်ပွဲကြီး
အကြောင်းဖြစ်ပါတယ်။
မြန်မာပြည်တွင် ချစ်ခင်ရင်းနှီးစွာ နေထိုင်လာခဲ့ကြသောတိုင်းရင်းသားညီအကို မောင်နှမ တို့၏
ဘ၀များ နှင့် မြန်မာပြည်သူလူထု တရပ်လုံးအား သားစဉ်မြေးဆက် စစ်ကျွန်ဘ၀ရောက်မည့်
ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုမည့် လူထုဆန္ဒခံယူပွဲတွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံး
စစ်အာဏာရှင် အစိုးရ အံ့သြတုန်လှုပ် ခြောက်ချားစေမည့် ဆန့်ကျင်ကန့်ကွက် မဲများထည့်ပေး
ကြပါရန် တိုက်တွန်းအပ်ပါသည်။

ခိုင်ခန့်

Sunday, April 6, 2008

စစ်အစိုးရ အာဏာတည်မြဲရေး ဖွဲ့စည်းပုံအဖြစ် NLD သုံးသပ် ( Click )

လူ့အခွင့်အရေး ရံပုံငွေ မြန်မာဓာတ်ပုံပြပွဲကျင်းပ
( Click )

အိုလံပစ်ပွဲပြုလုပ်မည့် တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်က ဖြစ်ပွားခဲ့သော တိန်အင်မင် အရေးအခင်း


အိုလံပစ်ပွဲပြုလုပ်မည့် တရုတ်နိုင်ငံတွင် ၁၉၈၉ ခုနှစ်ဧပြီလတွင်စတင်ဖြစ်ပွားခဲ့သော တိန်အင်မင် အရေးအခင်းကို အစမှ အဆုံးအထိ ကြည့်ရူနိုင်ပါသည်။ တရုတ်အစိုးရ စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများ။ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ဝါးထင်ထင်တွေ့မြင်နိုင်ပါသည်။

လက်ရှိတွင်လည်း မြန်မာစစ်အစိုးရကို တရုတ်က လက်နက် ထောက်ပံ့ အကာအကွယ်ပေး၊ ငွေကြေး ကူညီနေ ပါတယ်။ တရုတ်က အဲဒီလို စီးပွားရေး၊ နိုင်ငံရေးနဲ့ ကူညီထောက်ပံ့မှုတွေကြောင့်လည်းပဲ မြန်မာပြည်မှာ ဗိုလ်ချုပ်ကြီးတွေ အာဏာရနေတာဖြစ်ပါတယ်။