Saturday, March 8, 2008

မလေးရှား ရွေးကောက်ပွဲ ၀န်ကြီးချုပ် ဘာဒါဝီရဲ့ ညွှန့်ပေါင်းအဖွဲ့ အနိုင်ရ (ဗွီအိုအေ)


စနေနေ့က မလေးရှားနိုင်ငံ ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီတွေ တချို့နေရာတွေမှာ အနိုင်ရပေမယ့်လည်း အများစုအနေနဲ့ လက်ရှိ အုပ်ချုပ်နေတဲ့ ၀န်ကြီးချုပ် ဘက်ဒူလာ ဘာဒါဝီ (Abdullah Badawi) ရဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့က အနိုင်ရလိုက်တယ်လို့ မလေးရှား အာဏာပိုင်တွေက ကြေညာပါတယ်။

အကြမ်းဖက်မှုတွေအပြင် မဲလိမ်တာတွေ ရှိနေတယ်ဆိုတဲ့ စွတ်စွဲချက်တွေ ရှိနေပြီး လူမျိုးရေး တင်းမာမှုတွေကလည်း ရွေးကောက်ပွဲကို အရိပ်ထိုးနေပါတယ်။ တကယ်တော့ မလေးရှားနိုင်ငံဟာ မလေး၊ တရုတ်နဲ့ အိန္ဒိယ လူမျိုးစုတွေအကြား သင့်မြတ်တယ်ဆိုပြီး အမြဲတစေ ဂုဏ်ယူလေ့ရှိတဲ့ နိုင်ငံတစ်ခုပါ။ မလေးရှား ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဗီအိုအေ သတင်းထောက် လူဝစ် ရမ်မားရတ်ဇ် (Luis Ramirez) ကွာလာလမ်ပူက သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦးက အစီရင်ခံထားပါတယ်။

မလေးရှားနိုင်ငံ မြို့တော်အတွင်းမှာတော့ မဲပေးရွေးချယ်တာတွေက အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းတဲ့ ကျင်းပနိုင်ခဲ့တာပါ။ မလေးရှားနိုင်ငံသားတွေ မနေ့က စနေနေ့ တစ်နေ့လုံး မဲရုံတွေကို သွားပြီး မဲပေးဖို့ တန်းစီခဲ့ကြပါတယ်။ အတွေ့အကြုံရှိတဲ့သူတွေကတော့ ၀န်ကြီးချုပ် ဟောင်း ဘက်ဒူလာ ဘာဒါဝီရဲ့ ဘရီဆန် နေရှင်နယ် (Barisan Nasioanl)၊ ဒါမှမဟုတ် အမျိုးသား တပ်ဦး ညွှန့်ပေါင်းအဖွဲ့ပဲ နိုင်မယ်ဆိုတာ ကြိုတင် ဟောကိန်းထုတ်ပြီးသားပါ။ မလေးရှားနိုင်ငံ လွတ်လပ်ရေးရခဲ့တဲ့ ၁၉၅၀ ခုနှစ်တွေကတည်းက ဒီပါတီပဲ ရွေးကောက်ပွဲတိုင်းမှာ အနိုင်ရခဲ့တာပါ။

ညွှန့်ပေါင်းအဖွဲ့က ရွေးကောက်ပွဲမှာ အဓိက လူတွေကို စည်းရုံးပြောပြတာက သူတို့ပါတီဟာ မလေးရှားနိုင်ငံကို တည်ငြိမ်တဲ့နိုင်ငံအဖြစ် ထူထောင်နိုင်ခဲ့တယ်၊ စီးပွားရေးအရလည်း ဒေသတွင်းမှာ အတိုးတက်ဆုံး နိုင်ငံတွေထဲက တစ်ခုအဖြစ် ရပ်တည်နိုင်ခဲ့တယ်ဆိုတာပါပဲ။

ဒါပေမယ့်လည်း အလွဲသုံးစား လုပ်တယ်ဆိုတဲ့ စွတ်စွဲချက်တွေ ရှိသလို၊ လူမျိုးရေး တင်းမာမှုတွေ၊ နောက် စီးပွားရေး နဲ့ပတ်သက်လို့ စိုးရိမ်မှုတွေက အတိုက်အခံတွေကို ထောက်ခံသူတွေ များလာပြီး အားကောင်းလာစေခဲ့ပါတယ်။

ကွာလာလမ်ပူမှာ မဲပေးတဲ့သူတစ်ယောက်က သူက အတိုက်အခံ ပန် မလေးရှား အစ္စလမ်မစ်ပါတီ (Pan- Malaysian Islamist Party) ကို မဲပေးတယ်လို့ ပြောပါတယ်။ လက်ရှိ ညွှန့်ပေါင်းအဖွဲ့အပေါ် သူ မြင်တာက အစ္စလမ်ဘာသာဝင်တွေ အများစုနေထိုင်တဲ့ ဒီနိုင်ငံမှာ အစ္စလမ်ဘာသာရဲ့ တန်ဘိုးထားမှုတွေကို ညွှန့်ပေါင်း အစိုးရအဖွဲ့ဟာ လိုက်နာကျင့်ကြံတာမျိုး မရှိဘူးလို့ မြင်တဲ့အကြောင်းပြောပါတယ်။

“အစ္စလမ်မစ် ပါတီကို ကျနော်တို့ မဲပေးတာ ပိုကောင်းတယ်လို့ ကျနော် မြင်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု ကင်းရှင်းတယ်လို့ မြင်လို့ပါ။

ဘရီဆန် နေရှင်နယ် ပါတီကတော့ သူတို့ဟာ အစ္စလမ်ဘာသာဝင်တွေရဲ့ ကျင့်ထုံးတွေကို လိုက်နာတယ်လို့ သေသေချာချာ ပြောလို့ မရပါဘူး။ ဒီ အချိန်ဟာ ပြောင်းလဲရတော့မယ့် အချိန်လို့ မြင်ပါတယ်။”

မလေးရှားနိုင်ငံ အရှေ့မြောက်ပိုင်း တာရန်ဂနု (Terennganu) ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ရဲတွေက ပန် အစ္စလမ်မစ် ပါတီကို ဒေါသတကြီး ဆန္ဒပြတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ပါတယ်။ မဲရုံသွားမယ့် ကားတွေ ဘတ်စ်ကားတွေကို ဆန္ဒပြတဲ့သူတွေက ခဲတွေနဲ့ ပစ်ပေါက်ခဲ့ပါတယ်။ မဲပေးဖို့ မှတ်ပုံတင်မထားတဲ့သူတွေကို ခေါ်လာပြီး မဲထည့်ခိုင်းတယ် ဆိုပြီး အဓိကရုဏ်းတွေဖြစ်၊ မဲပေးမယ့် ကားကို တားကြရင်းနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြတာလို့လည်း မျက်မြင်သက်သေတွေက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲ မကျင်းပခင် လအနည်းငယ်က အန္ဒိယ အနွယ်ဝင် တိုင်းရင်းသားတွေက သူတို့အပေါ် ခွဲခြားဆက်ဆံတယ်ဆိုပြီး ထောင်နဲ့ချီပြီး စုရုံး ဆန္ဒပြခဲ့ကြပါတယ်။ ဒီလို ဒီဆန္ဒပြပွဲတွေ ပေါ်ပေါက်ပြီး မလေးရှား ၀န်ကြီးချုပ်က အခုလို ရွေးကောက်ပွဲ ကျင်းပတာပါ။

ဒီလို ခွဲခြားဆက်ဆံခံရတယ်ဆိုတဲ့ အမြင်တွေကလည်း တစ်ချို့နေရာတွေမှာ လွှမ်းမိုးနေပြီး တင်းမာမှုတွေလည်း ရှိနေပါတယ်။ အိန္ဒိယအနွယ် လူမျိုးစုဝင် တစ်ယောက်က လက်ရှိ ညွှန့်ပေါင်းအစိုးရအဖွဲ့ဟာ အာဏာကို နှစ် ၅၀ လောက် ထိမ်းချုပ်နိုင်ခဲ့ပေမယ့် သူတို့ အိန္ဒိယ အနွယ်ဝင်တွေအတွက် ဘာမှ လုပ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

“နှစ်ပေါင်း ၅၀ ရှိပြီ၊ သူတို့က အောင်မြင်အောင် မလုပ်နိုင်ဘူး၊ ကျနော်တို့မှာ ဒုက္ခရောက်ရပါတယ်။ အိန္ဒိယ တိုင်းရင်းသားတွေပဲ ဒုက္ခရောက်ရတာပါ။ လူတိုင်း အခက်အခဲတွေ တွေ့ခဲ့ရပါတယ်။ ဒီလို အောက်ခြေ ပြည်သူတွေ ဒုက္ခရောက်တဲ့ အချိန် သူတို့ ဘာလုပ်နေလဲ။ ကျနော်တို့ကို ဘာကြောင့် ခွဲခြားတာတွေ လုပ်သလဲ။ ကျနော်တို့လည်း မလေးရှားပြည်သူပဲ၊ ဘာကြောင့် ဒီလို လုပ်ရတာလဲ။”

မလေးရှားနိုင်ငံမှာ မလေးအနွယ်ဝင် လူမျိုးစုတွေကို စိုက်ပျိုးမြေယာ ပလတ်ထားဖို့ အထောက်အပံ့တွေ ပေးတဲ့စနစ် နှစ်ရှည်လများ ကျင့်သုံးခဲ့ပါတယ်။ ဒီ စီမံချက်တွေ ရှိနေတာကြောင့် အိန္ဒိယ အနွယ်ဝင် လူမျိုးစုတွေနဲ့ တရုတ်အနွယ်ဝင် တိုင်းရင်းသားတွေ ဒေါသဖြစ်ခဲ့ကြပါတယ်။ လူမျိုးရေး မတူညီမှုကို ကျော်လွှားရေး ဆိုတဲ့ စီမံချက်တွေကလည်း သူတို့ကို ပညာရေး၊ စီးပွားရေးနဲ့ အိုးအိမ်ထူထောင်ခွင့် အခွင့်အရေးတွေ ပိတ်ပင်ထားသလို ဖြစ်နေတယ်ဆိုပြီး အိန္ဒိယနဲ့ တရုတ်လူမျိုးစု အနွယ်ဝင်တွေက ယုံကြည်နေကြပါတယ်။

Friday, March 7, 2008

ဆန္ဒခံယူပွဲ၌ ကန့်ကွက်မဲပေးမည့်လှုပ်ရှားမှုများ ရန်ကုန်တွင်ပြုလုပ်၊ အာဏာပိုင်က လုံခြုံရေးတင်းကျပ် (ဧရာဝတီ)

စစ်အစိုးရတဖက်သတ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအားအတည်ပြုမည့် လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ပေးရန် စည်းရုံးလှုံ့ဆော်သည့် လှုပ်ရှားမှုများကို ရန်ကုန်တွင် ကျောင်းသားလူငယ်များက ဦးဆောင် ပြုလုပ်လျှက် ရှိသည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုများကို အောင်ဆန်းမျိုးဆက်အဖွဲ့နှင့် မျိုးဆက်သစ်လူငယ်များအစည်းအရုံး (Generation Wave) တို့က ယခုအပတ်အစောပိုင်းတွင်စတင်ခဲ့ပြီး ဗုဒ္ဓဘာသာဝင် ကိုရင်တပါးက သပိတ်ကို မှောက်လျှက် ကိုင်ထားသည့် ပုံနှင့် “ကန့်ကွက်ကြစို့” ဟူသည့်စာသားပါဝင်သော စတေကာများကို ဖြန့်ဝေကြခြင်းဖြစ်သည်ဟု အောင်ဆန်းမျိုးဆက် အဖွဲ့နှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

“မြို့ထဲမှာရှိတဲ့တိုက်ခန်းတွေကို တခန်းပြီးတခန်းလိုက်ဝေတာ တော်တော်များနေပါပြီ၊ မနေ့ကတော့ ကျူရှင်ကြောငြာတွေလို စတေကာတွေကပ်ကြတယ်၊ မော်တော်ကားတွေမှာပါ လိုက်ကပ်တာ။ လုံခြုံရေးကတော့ ချထားတာအများကြီးပဲ … လမ်း ထောင့်တွေမှာ။ ဟိုနားစတေကာကပ်သွား … လိုက်ခွာကြနဲ့ တရုန်းရုန်းဖြစ်နေတာပေါ့” ဟု အောင်ဆန်းမျိုးဆက်အဖွဲ့နှင့် နီးစပ်သူက ပြောသည်။

Generation Wave အဖွဲ့ကို ဦးဆောင်နေသူတဦးဖြစ်သည့် ကိုကျော်ကျော်က “ဆန္ဒခံယူပွဲဆိုတဲ့နေရာမှာ ပွင့်လင်းညင်သာမှု ရှိဖို့လိုတယ်။ သူတို့ဘက်မှာက (အာဏာပိုင်) တရားဝင်ဖြန့်ချိနေတဲ့သတင်းစာကတဆင့် ဆန္ဒခံယူပွဲနဲ့ပတ်သက်ပြီး ထောက်ခံ ပါဆိုတဲ့အကြောင်း ဆောင်းပါးတွေမှာ ရေးလို့ရပါတယ်၊ ကျနော်တို့မှာက ရေးသားခွင့်၊ စည်းရုံးခွင့်မရှိဘူး” ဟု ဧရာတီကို ပြောသည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားမှုအား ဆန္ဒခံယူပွဲကို ဆန့်ကျင်သည်ဟူသည့် ဥပဒေပုဒ်မဖြင့် အရးယူပါက လက်ခံမည်မဟုတ် ကြောင်းလည်း ကိုကျော်ကျော်က ပြောသည်။

ကန့်ကွက်မဲပေးရေးလှုပ်ရှားသူများသည် ယမန်နေ့ကစ၍ စာအိပ်တွင်ခေါက်ထည့်ထားသည့် လက်ကမ်းစာစောင်များကို ရန်ကုန်မြို့လယ်၊ ဈေးများနှင့် ယုဇနဥယျာဉ်မြို့တော်တို့တွင် ဖြန့်ဝေကြကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် စက်တင်ဘာအရေးအခင်းအတွင်း သံဃာတော်များ၊ ကျောင်းသား ပြည်သူများအား လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ရိုက်နှက်နေပုံများလည်းပါဝင်ပြီး “မဲရုံသွားပြီး ကန့်ကွက်မဲ ထည့်ကြပါ” ဟူသည့် စာသား လည်း ပါဝင်သည်။

ယမန့်နေ့ကစ၍ ရန်ကုန်မြို့လယ်နှင့် လူစည်ကားရာနေရာများတွင် အာဏာပိုင်တို့က လုံခြုံရေးများ တင်းကျပ်စွာချထား သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

“လုံခြုံရေးတင်းကျပ်ထားတာကတော့ ရန်ကုန်မြို့တွင်း ၆ မြို့နယ် အကုန်ပဲဗျ။ ဆူးလေဘုရားတ၀ိုက်မှာ အဓိက တင်းကျပ် တယ်” ဟု ရန်ကုန်မြို့ခံက ပြောသည်။

လုံထိန်းတပ်သားများက သေနတ်၊ မျက်ရည်ယိုဗုံးနှင့် နံပါတ်တုတ်များကိုကိုင်ဆောင်ကာ လုံခြုံရေးယူထားခြင်း ဖြစ်သည် ဟုလည်း ၎င်းကဆက်ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ အီဗရာဟင် ဂန်ဘာရီ သည် ယမန်နေ့က မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ၎င်းရောက်ရှိနေစဉ် ဆန္ဒပြလှုပ်ရှားမှုများပြုလုပ်မည်ကို စိုးရိမ်သောကြောင့် လုံခြုံရေးတင်းကျပ်ထားခြင်းဖြစ်သည်ဟု ရန်ကုန်မြို့ခံတချို့က သုံးသပ်ပြောဆိုကြပြီး ကျောင်းသားလူငယ်များ ကန့်ကွက်မဲ ပေးရေးလှုပ်ရှားမှုကို ပြုလုပ်နေသောကြောင့် လုံခြုံရေးတင်းကျပ်ခြင်း ဖြစ်သည်ဟု သုံးသပ်သူများလည်း ရှိသည်။

သာယာဝတီထောင်တွင် နိုင်ငံရေးအကျဉ်းသားတဦး သေဆုံး (ဧရာဝတီ)

ကိုသက် | မတ် ၇၊ ၂၀၀၈

ပဲခူးတိုင်း သာယာဝတီထောင်တွင် အကျဉ်းချခံနေရသည့် ကိုအနူး (ခေါ်) ကိုဝင်းတင်သည် အဆုတ်ရောဂါဖြင့် ယမန်နေ့က သေဆုံးသွားကြောင်း သိရသည်။

ကိုအနူးသေဆုံးကြောင်းကို ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်ကအကြောင်းကြားသောကြောင့် ၎င်းတို့နေထိုင်ရာ ပဲခူးမြို့မှ သာယာဝတီထောင်သို့ မိသားစုဝင်များလိုက်သွားကြကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ကိုအနူးသည် ပဲခူးမြို့မှ အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး ၁၉၉၉ ခုနှစ် အာဇာနည်နေ့ဆန္ဒပြပွဲ၌ ပါဝင်ခဲ့သောကြောင့် ဇူလိုင်လ ၂၂ ရက်နေ့တွင် အာဏာပိုင်တို့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

၁၉၉၉ ခုနှစ် ဒီဇင်ဘာလဆန်းပိုင်တွင် ကိုအနူးအပါအ၀င် အာဇာနည်နေ့ဆန္ဒပြပွဲတွင်ပါဝင်သူ ၂၆ ဦးခန့်ကို အာဏာပိုင်တို့က အလုပ်ကြမ်းနှင့် ထောင်ဒဏ်များ ချမှတ်ခြင်း ခံခဲ့ရသည်။ ကိုအနူးအား ပုဒ်မ ၅/ည၊ ၁၇/၂၀၊ ၁၇/၁ စသော ပုဒ်မ ၃ ခုဖြင့် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂၄ နှစ် ချမှတ်ခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က “ထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှုက လုံးဝမရှိဘူး။ ဒီပုံအတိုင်းသွားနေရင် ထောင်တွေထဲမှာ အကျဉ်းသားတွေ ထပ်သေနေဦ်းမှာပဲ။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်” ဟု ဧရာဝတီကို ပြောသည်။

ကိုအနူးသည် ၁၉၈၈ ခုနှစ် အထက်တန်းကျောင်းသားဘ၀ကတည်းက ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူဖြစ်ပြီး ပဲခူးမြို့ရှိ အခြေခံပညာကျောင်းသားသမဂ္ဂနှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်တို့တွင် ပါဝင်ခဲ့သည်။

၁၉၈၈ ခုနှစ်မှစ၍ အကျဉ်းထောင်များအတွင်းသေဆုံးသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၁၃၀ ကျော်ပြီဖြစ်ပြီး ကိုအနူးသည့် ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အသက်ဆုံးရှုံးရသူ ဖြစ်သည်။

ကုလကိုယ်စားလှယ် ဂမ်ဘာရီနဲ့ အဲန်အယ်လ်ဒီ မနက်ဖြန် တွေ့ဆုံဆွေးနွေးမည် (ဗွီအိုအေ)


မြန်မာ့အရေး ကြားဝင်ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဲန်အယ်လ်ဒီ နဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ အဲန်အယ်လ်ဒီ ပါတီကပြောပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ ပြေလည်စေဖို့ သက်ဆိုင်သူတွေနဲ့ တွေ့မှဖြစ်မယ်လို့ ပြောနေတဲ့ အထူးကိုယ်စားလှယ်နဲ့ အဲန်အယ်လ်ဒီတို့ ဆွေးနွေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ စုံစမ်းထားတာကို ဦးအောင်လွင်ဦး က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဲန်အယ်လ်ဒီပါတီ ရဲ့ အလုပ်အမှုဆောင် ကိုယ်စားလှယ်တွေကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ နဲ့ တွေ့ဆုံခွင့်ပြုမယ့် အကြောင်း အာဏာပိုင်တွေဖက်က ဒီကနေ့ နေ့လည်ပိုင်းကပဲ ပါတီကို လာရောက် အကြောင်းကြားသွားခဲ့တာပါ။ ဒီလို မနက်ဖြန် အထူးကိုယ်စားလှယ်နဲ့ ရန်ကုန်မြို့က အစိုးရ ဧည့်ဂေဟာတစ်ခုမှာ တွေ့ဆုံမယ့် ကိစ္စ၊ ဆွေးနွေးမယ့် ကိစ္စတွေနဲ့ ပတ်သက်လို့ နောက်ထပ် ဘာတွေများ သိရမလဲလို့ အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။

“သူတို့ အာဏာပိုင်တွေက မနက်ဖြန် နေ့ခင်းမှာ စီအီးစီ အဖွဲ့နဲ့ မစ္စတာ ဂမ်ဘာရီနဲ့ တွေ့မယ်လို့ လာအကြောင်းကြားထားပါတယ်။”

အဲန်ကယ်လ်တို့ အဲဒါ တွေ့တဲ့အချိန်ကျရင် ဘယ်သူတွေ ပါဖို့ရှိလဲ၊ အဲန်ကယ်လ်တို့ဖက်ကရော၊ ဟိုဖက်ကရော။ -

“အဲဒီ စီအီးစီထဲက ၅ ယောက် သွားမယ်။ ဘယ်သူတွေလဲ ဆိုတာကတော့ ဥက္ကဌနဲ့ သူတို့ ညှိပြီးတော့ သွားကြမှာပေါ့လေ။ ကျနော်တော့ ၅ ယောက်စလုံး နံမည်တော့ ကျနော် မရသေးဘူး။”

နောက် အဲန်ကယ်လ်တို့ဖက်က မစ္စတာ ဂမ်ဘာရီနဲ့ ဘယ်လို အကြောင်းအရာတွေကို ဆွေးနွေးဖြစ်မယ်လို့ အဲန်ကယ်လ်တို့ ယေဘုယျ စဉ်းစားထားတာတွေ ရှိခဲခင်ဗျ။ -

“ကျနော်တို့ ကြိုတင်ပြီး စဉ်းစားထားတာတွေ ရှိတယ်။ ကြိုတင်ပြီးတော့ ဆွေးနွေးထားတာတွေ ရှိတယ်။ အသေးစိတ်အနေနဲ့တော့ ကျနော့်အနေနဲ့ လူကြီးတွေ ကိုယ်တိုင် ပြောမှာမိုလို့ ကျနော် ပြောလို့မရပါဘူး။ အဓိက အားဖြင့် ကျနော်တို့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဦးတည်ပြီးတော့ ဆွေးနွေး တင်ပြမယ်လို့ပဲ ကျနော် အဲဒီလောက်ပဲ ယေဘယျ ပြောနိုင်လို့ရပါမယ်။”

ဟုတ်ကဲ့။ အဲဒီထဲမှာ အဲန်ကယ်လ်တို့ နောက်ဆုံး အစိုးရ ကြေညာခဲ့တဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတို့၊ ရွေးကောက်ပွဲတို့ ကိစ္စတွေရော ပါမှာလား အဲန်ကယ်လ်။ -

“ပါနိုင်တာပေါ့လေ။ ကျနော် တိတိကျကျတော့ ကျနော် မသိပါဘူး။”

အဲန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း ကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။ မစ္စတာ ဂမ်ဘာရီအနေနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတာ ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖြစ်မယ် မဖြစ်ဘူးဆိုတာ အခုအချိန်အထိတော့ မသိရသေးဘူးလို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်ပေးနေတဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာတွေ ပြေလည်အောင် ဆောင်ရွက်ရာမှာ နိုင်ငံရေးအင်အားစုတွေ အပါအ၀င် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်ဆိုပြီးတော့လည်း ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ၀ိုင်းဝန်းတိုက်တွန်း တောင်းဆိုမှုတွေက ရှိနေပါတယ်။

Saturday, March 1, 2008

ကျွန်တော်တို့ ကတော့ပြတ်ပြတ်ပါဘဲ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်ထည်မဖေါ်မပေးမခြင်း ဘာဆိုဘာမှ မလိုချင်ဘူး


မြန်မာနိုင်ငံရဲစစ်တပ်ကတော့ဟိုလိုဒီလိုကယောင်ကြသောအတွေးတွေ၊မဟာမဟာဆန်ခြင်းထက်
အစွန်းတဖက်ထက်ကျော်သောကလိန်ကျခြင်းများစွာနှင့်စံနစ်တကျလက်တလုံးခြားလိမ်လှည်၊လှည့်ဖျားကာ ၁၉၆၂ကစပြီးသေသေချာချာကျင့်သုံးနေခဲ့တာကအခုထိပါဘဲဒါကိုလိမ်မှန်းသိပေမဲ့လည်း၊ငါနှင့်ငါ့မိသားစုဆိုသော ငါ့အသိုင်းဝိုင်းဟူသော၊မာန်တွေနှင့်၎င်း၊ငါ့လူမျိုးမှဆိုသောအတွေးတွေနှင့်လုပ်ဆောင်ခဲ့တာကိုပျော်မွေ့ခြင်းရယ်၊
မသိခြင်ယောင်ဆောင်ပြီးနေထိုင်ခဲ့ကြသောလူတန်းစားရယ်၊သိသိကြီးနဲ့ကိုယ်အတွက်ကိုယ်ကြည့်ဆိုသောမှုတွေ ကိုကိုင်ကြသောလူတန်းစားရယ်၊မည်သို့မှ၊နိုင်ငံရေးဆိုတာကိုဘာမှနားမလည်သောလူတန်းစားတွေကိုသေသေချာချာ
မွေးယူသလိုလုပ်ဆောင်ပေးနိုင်ခဲ့သောမဟာဥာဏ်ကြီးအလိမ်ထိပ်ခေါင်ကို၁၉၈၈-၈၉တွင်အပြတ်ရှင်းမယ်ဆိုတာကိုလည်း သိရောနအဖ(န၀တ)အစိုးရဟာအာဏာမလွှဲဘဲအချိန်သာဆွဲပြီး၁/၁၉၉၀ကိုကြေညာပြီးအမျိုးသားညီလာခံကိုဖေါ်ဆောင်ကာ အချိန်ဆွဲရေးကို စတင်တိုက်ခိုက်ပါတယ်။

ဒါလည်းအားလုံးသိထားပြီးသားပါ၊ ပြီးတော့ နည်းမျိုးနဲ့ ညစ်ပတ်စွာ၊အာဏာဟူသောစကားလုံးကြီးကိုလက်နက် နှင့်ပူးတွဲကိုင်တွယ်ကာမကြာ ကြာအောင်ကို လုပ်ရင်း ၁၉၉၀ ရွေးကောက်ပွဲကို ဘာသိဘာသာ အသံတိတ် ရှင်းလင်းပွဲလုပ်ဆောင်ဘို့ အတွက် တစ်ခုပြီးတစ်ခု ဆက်တိုက်လုပ်ဆောင်လာတာကိုလည်းသိသိကြီးနဲ့  အမျိုးသားညီလာခံကို ၀ိုင်းသိုင်းကြဖို့ ပြည်သူဘက်ကနေ အသံကိုလိုကြောင်းပြောကြ၊ငြင်းကြ၊ခိုင်းနှိုင်းကြနဲ့  ဝေေ၀ဆာဆာပါဘဲ။


နောက်ထပ်တစ်ခုဖြစ်လာပါသောန၀တရဲ ထုတ်ပြန်ချက်အပေါ် နောက်ထပ်ရွေးကောက်ပွဲအသစ် လုပ်ကြရအောင်ဆိုပြီး(ရို့ဒ်မက်ပ်) လမ်းစဉ်ခုနှစ်ချက်ကို ကြေညာတော့လည်းပြည်သူကို သိုင်းဝိုင်းဖို့ ပြောနေကြပြန်ပါပြီ။ မေးပါရစေ၊ ခင်ဗျားတို့ အားလုံးက ကိုယ်ကိုတိုင်ဝင်ရေးခဲ့သော၊ ပြောခဲ့ သောအကြောင်းအရာတွေကို တစ်ကနေပြန်ပြန်စချင်ကြသောစိတ်ဓါတ်ကို လက်ဆင့်ကမ်း နေချင်ကြတာလား၊ ကျွန်တော်တို့ ၊ခင်ဗျားတို့ မှာတိုင်းပြည်ကိုပြောင်းလဲအောင်၊ ဦးဆောင်ခေါ်နိုင်သောလိုင်းမရှိဘူးလား၊
ခင်ဗျားတို့ ကျွန်တော်တို့ လုပ်ရမှာက န၀တအစိုးရကို တန်းလျှားကိုပြန်ပို့ ရမှာဖြစ်သလို ၊ ဒီကိုယ်စားလှယ်တွေအားလုံး စုစည်းပြီး နိုင်ငံရေးကိုဆက်လက်လုပ်ဆောင်ရန်အတွက်ကို ခင်းကျင်းပေရမှာ၊ တခြားဘာလမ်းမှမရှိသလို၊ တခြားဘာကိုမှ လည်း ကြည့်စရာမရှိပါဘူး၊ ခင်းကျင်းစရာမရှိပါဘူးဗျာ။ ခင်ဗျားတို့ ကနေပြန်ပြီးတော့ ဒီလိုအခင်းအကျင်းတွေလုပ်တာကတော့မကောင်းဘူးဗျာ၊


ပြည်သူတွေကို တွေဝေအောင်၊ စိတ်ပျက်ငြီးငွေ့ အောင်၊ဟိုလိုဒီလိုယောင်တောင်တောင် သဘောထားတွေ၊ အခြေအမြစ်မရှိ မဖြစ်နိုင်သောအကြောင်းတွေကို တကယ်ဒီမိုကရေစီကိုရခဲ့ပြီးကျင့်သုံးခဲ့သောစံတွေရှိသော နိုင်ငံတွေပုံစံမျိုးတွေနဲ့ ခင်ဗျားတို့  တောင်းဆိုပြောလာတာဘယ်လောက်ကြာပြီလည်း။ န၀တဆီက ပြည်ပကကော၊ ပြည်တွင်းကကော၊ နိုင်ငံတကာကကောပြောနေတာ တွေထဲမှာ ဘာများရခဲ့သလည်းပြောပါအုံး။ အဲဒါကိုသိရက်နဲ့ လုပ်နေပြောနေသိုင်းနေတာကို ကခင်ဗျားတို့ ကိုယ်တိုင်မပြီးဆုံးနိုင်သော တော်လှန်ရေးကြီးကို လုပ်ဆောင်ဖို့  ဆွဲဆန့်နေသလို၊ပြည်တွင်းစစ်ကြီးကို လည်းဆက်လက်တောက်လောက်အောင်ဝိုင်းပြီး လုပ်ဆောင် ပေးတာပါဘဲ။ ဘာကိုအရင်လုပ်ရမယ်ဆိုတာကိုခင်ဗျားတို့ ကိုယ်တိုင်ကိုယ်ကျမလုပ်ကျဘဲ ရာသီပေါ် အစာကိုစိုက်ပျိုးပြီး ရောင်းသလို အခင်းအကျင်းတွေကိုတော့မလုပ်ကြပ်နဲ့တော့။ ပြင်းပြင်းထန်ထန်တောင်းဆို နေတာပါ၊


ခင်ဗျားတို့ ကနေသေသေချာချာပြည်သူကို ချပြပြောပြသင့်တာတစ်ခုဘဲရှိတယ်။၁/၁၉၉၀ ကို န၀တကရှင်းပေးပါ၊ ပြည်သူက ရွေးချယ်တင်မြှောက်ပေးပြီးပြီ၊ တာဝန်ကျေပြီ၊ ကိုယ်စားလှယ်တွေကလည်း ဒီတာဝန်ကို ယူဖို့ အဆင်သင့်၊န၀တကသာ မလုပ်သင့်မဖြစ်သင့်သောအကြောင်းတွေကို တစ်ခုပြီးတစ်ခု ဖန်တီးသူ၊ ချဲ့ထွင်သူဆိုတာဘဲဖြစ်တယ်၊ ဒါကို ဘဲခင်ဗျားတို့ ပြတ်ပြတ်သားသားပြောရမှာ ၊ဆန့် ကျင်ရမှာ၊မရရအောင်လုပ်ရမှာခင်ဗျားတို့ ကိုကဆိတ်လစေ့လို့ ဟိုကပ်ဒီကပ်အခင်းအကျင်းတွေခင်းတော့ ကွဲကြပြဲကြစော်ကြထစ်ကြနဲ့ ဘယ်သူမှအကျိုးမရှိဘဲ န၀တဘဲအချိန်ကိုဝယ်နေတာကို ရှင်းရှင်းကြီးသိရက်နဲ့ဗျာ၊ ဘယ်တော့မှလည်း ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီဆိုတာကိုလည်း ပေးမှာမဟုတ်သလို ၊ တိုင်းရင်းသားပြည်သူအားလုံး တစ်ယောက်တစ်ကျပ်ဆီဆိုသောမှုကိုလည်းဘယ်တော့မှပေးမှာမဟုတ်ဘူး ၊ဒီထက်ပိုပြီးတော့ပြောရင် ၁၉၇၄ မဆလပေါ်လာပြီနောက်ပိုင်း နိုင်ငံရေးသမားတွေရဲ့ အခြေအနေကိုခင်ဗျားတို့ သိကြမှာပါ၊ မသိရင်လည်းပြန်ပြီးသေသေချာချာကြည့်ကြပါ။


အခုန၀တ၊နအဖသွားနေတာက မဆလကဲ့သို့သော အခြေအနေမျိုးမဟုတ်တောင် နည်းနည်းလေးပုံကွဲသောအခြေအနေဘဲရှိပါတယ်၊ အပြီးရှင်းပွဲကို လာတော့မှာပါ။ ဒီနေ့တိုင်းပြည်ကို တကယ်ကောင်းတာမြင်ချင်ရင် စစ်တပ်စစ်တန်းလျားကကာကွယ်ရေးလုပ် အရပ်သား အစိုးရ တိုင်းပြည်ကို ကိုင်တွယ်အုပ်ချုပ်ဒါပဲရှိတယ်၊ဒါကအမှန်ဆုံးဘဲ အဖြစ်သင့်ဆုံးနဲ့ပြည်သူတွေအားလုံးကော ဒီဘက်ကလူတွေအားလုံး ကောလုပ်ကိုလုပ်ရမဲ့အကြောင်း၊ဒါကိုဘဲတစိုက်မှတ်မှတ်လုပ်ရမှာ၊ ၁၉၈၉-၉၀ ကတည်းက အပြတ်ပြောရမှာကိုတိုက်တွန်း တင်ပြပြောဆို နေကြတဲ့ကြားကအခုထိ စောင့်ကြည်ကြတာပေါ့၊

ကြည့်ပါအုံးဆိုတာနဲ့ လုပ်လာကြသောမူက နှစ်၂၀သာကြာသွားတယ် ဘာမှဖြစ်မလာဘူး၊ ပြောရင်အားလုံးကိုစော်ကားရာဖြစ်နေပေမဲ့ ပြောရမှာဘဲ တိုတိုနဲ့ လိုရင်းပါဘဲ သေသေချာချာပြန်ကြည့်ရင် ၁၉၈၈အာဏာသိမ်းပြီးနောက်ပိုင်း န၀တ၊ နအဖပြောသော လုပ်သော အကြောင်းများကို နောက်ဆုံးတော့ အိပဲ့အိပဲ့နဲ့လိုက်ရတော့တာပါဘဲမဟုတ်လား။ ရပ်ပါတော့ဗျာ၊ အကြိမ်ပေါင်းများစွာ အဓမ္မကျင့်တာ
ကိုသော်လည်း၊ အဓမ္မကျင့်ခံရတာကိုဘဲ မေ့ပျောက်ပြီး အဓမ္မကျင့်ခံရတာကိုဘဲ ကြိုက်နေရင်တော့ ဆက်ပြီးတော့ခင်းကျင်းကြပေါ့။ တိုင်းရင်းသားတွေအားလုံးကိုကော၊ ပြည်သူတော်တော်များများကို ကောနောက်တစ်ကြိမ်အကျင့်ထပ်ခံရ အောင်ဆိုသော ပုံစံမျိုးကို
ဝိုင်းပြီးတော့ လုပ်ပေးရမှာ၊ ကုတင်ပေါ်ကို ကြိုးတုတ်ပြီးတင်ပေးရမဲ့ အကြောင်းထဲမှာတော့ ကျွန်တော်တို့ ဝိုင်းပြီးမဆွေးနွေးနိုင်ဘူး အခင်းအကျင်း နောက်ကိုလိုက်ကြပါလို့မတိုက်တွန်းနိုင်ဘူး။

ကျွန်တော်တို့ကတော့ ကျွန်တော်တို့ရဲအသိုင်းဝိုင်းကော၊ ကျွန်တော်တို့ ရဲ့လူမျိုးတွေကော၊ ကျွန်တော်တို့သိသော ပြည်ပမှ သူတွေကော၊ အခြားခြားသောသူတွေကိုကောဖြန့်ထားသော၊စကား၊ပြောထားသောအကြောင်း၊ ပေးထားသောဂတိကတော့ ကျွန်တော်တို့ ကတော့ ပြတ်ပြတ်ပါဘဲ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို အကောင်ထည်မဖေါ်မပေးမခြင်းဘာဆိုဘာမှမလိုချင်ဘူး


စိုင်းမွန်

တစ်အမေ၊တစ်အဖေထဲကမွေးလာကြတာမဟုတ်ပေမဲ့ ငါတို့ မှာဘာသာမတူ၊လူမျိုးမတူသော ညီအစ်ကိုမောင်နှမတွေအများကြီးရှိတယ် ငါတို့အားလုံး ကတော့ စစ်အာဏာရှင်ကို အပြီးပိုင်ဖြုတ်ချဖို့ ကို မတွေဝေဘဲ၊
မတုံ့နှေးဘဲ အတူတူတိုက်ပွဲဝင်ရင်း အောင်ပွဲကိုကိုင်ကြဖို့ ရယ် ဒီအောင်လံ အောင်တံခွန်ကိုရဖို့ ငါတို့ အားလုံးဟာ
အသက်တွေကို ပေးရမယ်ဆိုရင်လည်းရဲ ရဲကြီးပေးရဲ တယ်ဆိုတာကို ရဲရဲကြီး သစ္စာပြုရဲခဲ့ကြတယ်။


ရွှေဝါရောင်တော်လှန်ရေးအောင်ရမည်။
စစ်အာဏာရှင်စံနစ်အပြီးပိုင်ဖြိုဖျက်ရမည်။